ဆိုင်ကလုန်း မိုရာကြောင့် တိုင်းနဲ့ပြည်နယ် ၃ ခုမှာ အပျက်အစီး များပြား

0
259

ဘင်္ဂလား ပင်လယ်အော်မှာ ဖြစ်တည်ပြီး ရွေ့လျားတိုက်ခတ်လာတဲ့ ဆိုင်ကလုန်း မုန်တိုင်း မိုရာကြောင့် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းနဲ့ ချင်းပြည်နယ်တို့မှာ ပျက်စီးမှု များပြားခဲ့ပါတယ်။

သတင်းဓာတ်ပုံ – NYUNT WIN/EPA

မနေ့က မေလ ၃၀ ရက်နေ့ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ နေအိမ်တွေအပြင် လွှတ်တော်ရုံး၊ ပြည်နယ် အစိုးရအဖွဲ့ရုံး၊ ထွေအုပ်ရုံး၊ ကျေးလက်ဦးစီးဌာနရုံး၊ ခရိုထွေအုပ်ရုံး၊ ပြည်နယ် ကျန်းမာရေး ဦးစီးဌာနရုံးတွေ အမိုးလန် ပျက်စီးခဲ့ပါတယ်။

မောင်တော အပါအဝင် မြို့နယ် ၁၀ မြို့နယ်မှာလည်း နေအိမ်၊ စာသင်ကျောင်း၊ သာသနိက အဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။

ဧရာဝတီတိုင်း မော်လမြိုင်ကျွန်း၊ ဖျာပုံ၊ ငပုတောမြို့နယ်တို့ရှိ နေအိမ်နဲ့ ဝန်ထမ်းအိမ်ရာတွေ ပြိုကျ ပျက်စီးခဲ့ပါတယ်။ ချင်းပြည်နယ် ဟားခါးမြို့မှာလည်း နေအိမ်နဲ့ ဝန်ထမ်းအိမ်ရာတွေ ပျက်စီးခဲ့ပါတယ်။

ပျက်စီးဆုံးရုံးမှုတွေကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနတို့က စီစစ်နေပြီး ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)