မြန်အောင်မြို့နယ်မှာ လေဘေးသင့်သူ ၄၀၀ နီးပါး ရှိ

0
294

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်မှာ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ပြိုကျမှု၊ အမိုးလန်မှုတွေ့ ဖြစ်ပွားပြီး လေဘေးသင့်သူ အမျိုးသား ၁၈၁ ဦးနဲ့ အမျိုးသမီး ၂၁၄ ဦး စုစုပေါင်း ၃၉၅ ဦး ရှိပါတယ်။

မြန်အောင်မြို့နယ် အတွင်းရှိ ကျေးရွာတွေမှာ မနေ့က မေလ ၃၀ ရက်နေ့က နေအိမ် ၁၁ လုံးပြို၊ ၉၄ လုံး အမိုးလန်၊ ကြက်ခြံ ၁ ခြံပြို၊ ဈေးဆိုင် ၂ ဆိုင် အမိုးလန်ပြီး ကြက်ကောင်ရေ ၅၀ သေဆုံးပါတယ်။ ကျူတောလေးကျေးရွာနေ ဦးမြင့်ဦးလွင် ဆိုသူကတော့ မိုးကြိုးထိမှန် သေဆုံးခဲ့ကြောင်း MOI က သတင်း ထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)