VOM အယ်ဒီတာချုပ်ကို AA နဲ့ ဆက်သွယ်မေးမြန်းတာမှာ တာဝန်ရှိတယ်ဆိုပြီး ဖမ်းဆီး

0
457

မန္တလေးမြို့အခြေစိုက် Voice of Myanmar (VOM) တည်ထောင်သူနဲ့ အယ်ဒီတာချုပ် ကိုနေမျိုးလင်းကို AA ရခိုင်လက်နက်ကိုင် အဖွဲ့က တာဝန်ရှိသူနဲ့ ဆက်သွယ်မေးမြန်းတာမှာ တာဝန်ရှိတယ်ဆိုပြီး မန္တလေးတိုင်း သတင်းရဲတပ်ဖွဲ့က အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ ဖမ်းဆီးလိုက်ပါတယ်။

AA အဖွဲ့က ပြောခွင့်ရသူ ခိုင်သုခနဲ့ ဆက်သွယ်မေးမြန်းတယ်ဆိုပြီး ချမ်းမြသာစည်မြို့နယ် သတင်းပြန်ကြားရေး အရာရှိက တရားလိုလုပ်ပြီး အမှုဖွင့်တာပါ။ VOM ရဲ့ ရခိုင်အခြေစိုက် သတင်းထောက် ခိုင်လင်းစံက ဆက်သွယ်မေးမြန်းတဲ့အတွက် ကိုနေမျိုးလင်းကို မတ်လ ၃၀ ရက်နေ့ညက နေအိမ်ကနေ လာရောက် ခေါ်ဆောင်သွားပြီး ဒီနေ့ မတ်လ ၃၁ ရက်မှာ ရုံးထုတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့က United League of Arakan (ULA) / Arakan Army (AA) တို့ကို အကြမ်းဖက်အုပ်စုနဲ့ မတရားအသင်းအဖြစ် ကြေညာခဲ့တာပါ။ ကိုနေမျိုးလင်းကို အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (က)၊ ၅၂ (က) တို့နဲ့ အမှုဖွင့်လိုက်တာပါ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)