သင်္ကြန်ကာလမှာ ရွှေတိဂုံစေတီတော်ကြီးကို ဖူးမြော်ခွင့် ပိတ်ထားမယ်

0
190

COVID-19 ထိန်းချုပ်ကာကွယ်ရေးအတွက် ရည်ရွယ်ပြီး သင်္ကြန်ကာလအတွင်းမှာ ရွှေတိဂုံစေတီတော်ကြီးကို ဖူးမြော်ခွင့် ယာယီပိတ်ထားမယ်လို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က မတ်လ ၃၀ နေ့စွဲနဲ့ ကြေညာထားပါတယ်။

COVID-19 ရောဂါကြောင့် ရွှေတိဂုံစေတီတော် ဖူးမြော်ခွင့်ကို လာမယ့် ဧပြီလ ၁၀ ရက်ကနေ ၁၉ ရက်အထိ ပိတ်ထားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မတ်လ ၃၁ ရက်နေ့က စတင်ပြီး စေတီတော်ကြီးကို မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ ဖွင့်လှစ်ပေးမှာပါ။

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်းရှိ အင်းလေးဖောင်တော်ဦး ဘုရား၊ နန်းပန်အလိုတော်ပေါက် ဘုရား၊ ရွှေအင်းတိန် မွေတော် ဘုရားနဲ့ တာခေါင် မွေတော်ဘုရားတို့ကို ဖူးမြော်ကြည်ညိုခွင့်နဲ့ သွားရောက် လည်ပတ်ခွင့်ကိုလည်း မတ်လ ၂၉ ရက်ကနေ ဧပြီလ ၃၀ ရက်အထိ ယာယီ ရပ်ဆိုင်းထားမယ်လို့ သြဝါဒါစရိယ ဆရာတော်ကြီးတွေနဲ့ ဂေါပက အဖွဲ့က ဆုံးဖြတ်ခဲ့ပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သြင်္ကန်ကာလမှာ ရွှေတိဂုံစေတီတော်ကြီးကို ဖူးမြော်ခွင့် ပိတ်ထားမယ်

COVID-19 ထိန်းချုပ်ကာကွယ်ရေးအတွက် ရည်ရွယ်ပြီး သြင်္ကန်ကာလအတွင်းမှာ ရွှေတိဂုံစေတီတော်ကြီးကို ဖူးမြော်ခွင့် ယာယီပိတ်ထားမယ်လို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က မတ်လ ၃၀ နေ့စွဲနဲ့ ကြေညာထားပါတယ်။

COVID-19 ရောဂါကြောင့် ရွှေတိဂုံစေတီတော် ဖူးမြော်ခွင့်ကို လာမယ့် ဧပြီလ ၁၀ ရက်ကနေ ၁၉ ရက်အထိ ပိတ်ထားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မတ်လ ၃၁ ရက်နေ့က စတင်ပြီး စေတီတော်ကြီးကို မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ ဖွင့်လှစ်ပေးမှာပါ။

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်းရှိ အင်းလေးဖောင်တော်ဦး ဘုရား၊ နန်းပန်အလိုတော်ပေါက် ဘုရား၊ ရွှေအင်းတိန် မွေတော် ဘုရားနဲ့ တာခေါင် မွေတော်ဘုရားတို့ကို ဖူးမြော်ကြည်ညိုခွင့်နဲ့ သွားရောက် လည်ပတ်ခွင့်ကိုလည်း မတ်လ ၂၉ ရက်ကနေ ဧပြီလ ၃၀ ရက်အထိ ယာယီ ရပ်ဆိုင်းထားမယ်လို့ သြဝါဒါစရိယ ဆရာတော်ကြီးတွေနဲ့ ဂေါပက အဖွဲ့က ဆုံးဖြတ်ခဲ့ပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)