အရေးကြီး သတ်မှတ် ကုန်စည်တွေကို စျေးကစားရင် အရေးယူမယ်

0
193

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အရေးကြီး အဖြစ် သတ်မှတ်ထားတဲ့ ကုန်စည်တွေကို စျေးကွက်အတွင်း စျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ စျေးနှုန်းမြှင့်တင် ဖြန့်ဖြူးခြင်း၊ စျေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်ခြင်းတွေကို မတ်လ ၃၀ ရက်နေ့ နေ့စွဲနဲ့ အမိန့်ကြော်ငြာစာ ထုတ်ပြန် တားမြစ်လိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ရောဂါ (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းတွေ၊ ဆေးဝါးတွေနဲ့ စားသုံးကုန် ပစ္စည်းတွေကို အရေးကြီး ကုန်စည်တွေအဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သတ်မှတ်လိုက်ပါတယ်။

အဲဒီ သတ်မှတ်ထားတဲ့ ကုန်စည်တွေအပေါ် တားမြစ်မိန့်ကို ချိုးဖောက်ကြောင်း စိစစ်တွေ့ရှိရင် အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ အရ အရေးယူခြင်း ခံရမှာ ဖြစ်ပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အရေးကြီး သတ်မှတ် ကုန်စည်တွေကို ဈေးကစားရင် အရေးယူမယ်

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အရေးကြီး အဖြစ် သတ်မှတ်ထားတဲ့ ကုန်စည်တွေကို ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင် ဖြန့်ဖြူးခြင်း၊ ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်ခြင်းတွေကို မတ်လ ၃၀ ရက်နေ့ နေ့စွဲနဲ့ အမိန့်ကြော်ငြာစာ ထုတ်ပြန် တားမြစ်လိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ရောဂါ (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းတွေ၊ ဆေးဝါးတွေနဲ့ စားသုံးကုန် ပစ္စည်းတွေကို အရေးကြီး ကုန်စည်တွေအဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သတ်မှတ်လိုက်ပါတယ်။ အဲဒီ သတ်မှတ်ထားတဲ့ ကုန်စည်တွေအပေါ် တားမြစ်မိန့်ကို ချိုးဖောက်ကြောင်း စိစစ်တွေ့ရှိရင် အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ အရ အရေးယူခြင်း ခံရမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)