COVID-19 ကူးစက်မှုကြောင့် ကုသမှု ခံယူနေသူ လူနာအမျိုးသား သေဆုံး

0
426

COVID-19 ရောဂါ ကူးစက်ကြောင်း ဓာတ်ခွဲအဖြေ တွေ့ရှိထားတဲ့ လူနာ အမှတ် ၅ ဖြစ်သူ အသက် ၆၉ နှစ်အရွယ် အမျိုးသားဟာ ဒီနေ့ မတ်လ ၃၁ ရက် မနက် ၇ နာရီ ၂၅ မိနစ်မှာ သေဆုံးသွားပြီလို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက Facebook လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

သေဆုံးခြင်း အကြောင်းရင်းတွေကတော့ လတ်တလော ပြင်းထန်အဆုတ်ရောင်ရောဂါနဲ့ သွေးအဆိပ်တက်ခြင်း၊ COVID-19 နဲ့ ပြင်းထန်နမိုးနီးယား ခံစားရခြင်း၊ နဂိုရောဂါအခံဖြစတဲ့ နှာခေါင်းကင်ဆာနဲ့ ဓာတ်ရောင်ခြည် ကုသမှုခံယူခဲ့ခြင်းတို့ကြောင့် ဖြစ်တယ်လို့ ကုသရေးဦးစီးဌာနကို ကိုးကားပြီး ဖော်ပြထားပါတယ်။

လူနာ အမျိုးသားဟာ လွန်ခဲ့တဲ့ ၁၄ ရက်က သြစတြေးလျနိုင်ငံနဲ့ စင်ကာပူနိုင်ငံကို သွားခဲ့တဲ့ ရာဇဝင်ရှိပြီး မတ်လ ၂၅ ရက်နေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသခဲ့တာပါ။ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်မှု ဓာတ်ခွဲခန်း အဖြေတွေ့ရှိသူ ၁၄ ဦး အတည်ပြုထားပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

COVID-19 ကူးစက်မှုကြောင့် ကုသမှု ခံယူနေသူ လူနာအမျိုးသား သေဆုံး

COVID-19 ရောဂါ ကူးစက်ကြောင်း ဓာတ်ခွဲအဖြေ တွေ့ရှိထားတဲ့ လူနာ အမှတ် ၅ ဖြစ်သူ အသက် ၆၉ နှစ်အရွယ် အမျိုးသားဟာ ဒီနေ့ မတ်လ ၃၁ ရက် မနက် ၇ နာရီ ၂၅ မိနစ်မှာ သေဆုံးသွားပြီလို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက Facebook လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

သေဆုံးခြင်း အကြောင်းရင်းတွေကတော့ လတ်တလော ပြင်းထန်အဆုတ်ရောင်ရောဂါနဲ့ သွေးအဆိပ်တက်ခြင်း၊ COVID-19 နဲ့ ပြင်းထန်နမိုးနီးယား ခံစားရခြင်း၊ နဂိုရောဂါအခံဖြစ်တဲ့ နှာခေါင်းကင်ဆာနဲ့ ဓာတ်ရောင်ခြည် ကုသမှုခံယူခဲ့ခြင်းတို့ကြောင့် ဖြစ်တယ်လို့ ကုသရေးဦးစီးဌာနကို ကိုးကားပြီး ဖော်ပြထားပါတယ်။  

လူနာ အမျိုးသားဟာ လွန်ခဲ့တဲ့ ၁၄ ရက်က သြစတြေးလျနိုင်ငံနဲ့ စင်ကာပူနိုင်ငံကို သွားခဲ့တဲ့ ရာဇဝင်ရှိပြီး မတ်လ ၂၅ ရက်နေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသခဲ့တာပါ။ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်မှု ဓာတ်ခွဲခန်း အဖြေတွေ့ရှိသူ ၁၄ ဦး အတည်ပြုထားပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)