နယ်စပ်ဂိတ်ကနေ ပြန်ဝင်လာမယ့်သူတွေ သီတင်း နှစ်ပတ်ခန့် စောင့်ဆိုင်းရမယ်

0
139

နယ်စပ်ဂိတ်တွေကတွေ နောက်ထပ်ဝင်ရောက်လာမယ့် သူတွေအတွက် ထိန်းချုပ်ကန့်သတ် စောင့်ကြည့်မှု (Quarantine) ပြုလုပ်ဖို့ နေရာထိုင်ခင်းတွေ အစိုးရက ထပ်မံတိုးချဲ့ စီစဉ်ဆောင်ရွက်နေလို့ နယ်စပ်ဂိတ်ကနေ ပြန်လည် ဝင်ရောက်လာမယ့် သူတွေဟာ နောက်ထပ် သီတင်း နှစ်ပတ်ခန့် စောင့်ဆိုင်းပြီး လာမယ့် ဧပြီလ ၁၅ ရက်နေ့ နောက်ပိုင်းမှသာ ပြန်လည် ဝင်ရောက်ဖို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။

မတ်လ ၂၃ ရက်နေ့မှာ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို မြဝတီ နယ်စပ်ဂိတ်ကနေ ပြန်ဝင်လာတဲ့ အသက် ၄၄ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ မင်္ဂလာဒုံမြို့နယ်ကို ရောက်ရှိနေထိုင်ခဲ့ပြီး မတ်လ ၂၉ ရက်နေ့ ဓာတ်ခွဲနမူနာ အဖြေအရ COVID-19 ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ အဲဒီ အခြေအနေအရ နယ်စပ်ဂိတ်တွေကနေ အစုလိုက်အပြုံလိုက် ပြန်လည် ဝင်ရောက်လာသူ အချင်းချင်းကြား၊ ပြည်တွင်းမှာ နေထိုင်သူတွေထံကို ရောဂါကူးစက်ပြန့်ပွားပြီး ကပ်ရောဂါကြီး ဖြစ်ပွားဖို့ အလားအလာ အလွန် များပြားတဲ့အတွက် အခုလို စောင့်ဆိုင်းခိုင်းတာ ဖြစ်ပါတယ်။

နယ်စပ်ဂိတ်တွေကနေ ပြည်တွင်းကို ပြန်လည် ဝင်ရောက်လာသူတွေ အားလုံးကို မိမိနေရပ်တွေဆီ တိုက်ရိုက်ပြန်ခွင့် ပြုတော့မှာ မဟုတ်ဘဲ အစိုးရက စီစဉ် သတ်မှတ်ပေးတဲ့ နေရာတွေမှာ ထိန်းချုပ်ကန့်သတ် စောင့်ကြည့်မှု (Quarantine) ပြုလုပ်ခြင်း ၁၄ ရက်ကို မဖြစ်မနေ ခံယူကြရမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)