ဒေါ်အောင်ဆန်းစုကြည် လမ်းညွှန်မှုနဲ့ “စောစောပြော” Mobile App ရေးဆွဲ

0
286

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှုနဲ့ Quarantine လုပ်သူတွေအတွက် “စောစောပြော” Mobile App ကို ရေးဆွဲခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လမ်းညွှန်မှုနဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ နည်းပညာရှင် ကိုထူးမြင့်နောင် (Technomation) တို့ ပူးပေါင်းပြီး အခုလို ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

App ရဲ့ ရည်ရွယ်ချက်ကတော့ ရောဂါဖြစ်ပွားရာ ဒါမှမဟုတ် နိုင်ငံခြားကနေ ပြန်ရောက်လာတဲ့သူ တစ်ဦးအနေနဲ့ မဖြစ်မနေ သတင်းပို့တာတွေ၊ သီးခြားခွဲခြားနေထိုင်တာတွေ၊ အသွားအလာ ကန့်သတ်မှု (Quarantine) ပြုလုပ်ခြင်းဖြင့် မိမိကိုယ်တိုင် ရောဂါ ဖြစ်ပွားလာရင် စောစီးစွာ သိရှိပြီး ထိရောက်တဲ့ ကုသမှုတွေ ခံယူကာ အသက်သေဆုံးခြင်းက ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ မိသားစုဝင်တွေ၊ သူနဲ့ အတူနေသူတွေ၊ မိမိရဲ့ နေထိုင်ရာ ရပ်ကွက်တို့ပါ ရောဂါကူးစက်မှု ကာကွယ်ဖို့အတွက် ရည်ရွယ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်တာပါ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒေါ်အောင်ဆန်းစုကြည် လမ်းညွှန်မှုနဲ့ Quarantine ဝင်ရသူတွေအတွက် “စောစောပြော” Mobile App ရေးဆွဲ

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှုနဲ့ Quarantine လုပ်သူတွေအတွက် “စောစောပြော” Mobile App ကို ရေးဆွဲခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လမ်းညွှန်မှုနဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ နည်းပညာရှင် ကိုထူးမြင့်နောင် (Technomation) တို့ ပူးပေါင်းပြီး အခုလို ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

App ရဲ့ ရည်ရွယ်ချက်ကတော့ ရောဂါဖြစ်ပွားရာ ဒါမှမဟုတ် နိုင်ငံခြားကနေ ပြန်ရောက်လာတဲ့သူ တစ်ဦးအနေနဲ့ မဖြစ်မနေ သတင်းပို့တာတွေ၊ သီးခြားခွဲခြားနေထိုင်တာတွေ၊ အသွားအလာ ကန့်သတ်မှု (Quarantine) ပြုလုပ်ခြင်းဖြင့် မိမိကိုယ်တိုင် ရောဂါ ဖြစ်ပွားလာရင် စောစီးစွာ သိရှိပြီး ထိရောက်တဲ့ ကုသမှုတွေ ခံယူကာ အသက်သေဆုံးခြင်းက ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ မိသားစုဝင်တွေ၊ သူနဲ့ အတူနေသူတွေ၊ မိမိရဲ့ နေထိုင်ရာ ရပ်ကွက်တို့ပါ ရောဂါကူးစက်မှု ကာကွယ်ဖို့အတွက် ရည်ရွယ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်တာပါ။

https://www.mcntv.biz/wp-content/uploads/2020/08/Gads12-09.jpg (Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)