တောဆင်ရိုင်းကို သတ်ပြီး အရေခွံနွှာသူတွေ ဖမ်းမိ

0
274

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ မြစ်တစ်ရာကြိုးဝိုင်းမှာ ဆင်သေတစ်ကောင်နဲ့ ဆင်သားရေနဲ့ ဆင်သားလှီးဖြတ်သူတွေ တွေ့တာကြောင့် လိုက်လံဖမ်းဆီးစဉ် ထွက်ပြေး လွတ်မြောက်သွားပါတယ်။

မတ်လ ၂၈ ရက်နေ့မှာ သစ်တောဝန်ထမ်းတွေ၊ သစ်တောလုံခြုံရေး ရဲနဲ့ ဒေသခံတွေ ကွင်းဆင်း စစ်ဆေးတာဖြစ်ပြီး ထွက်ပြေးသွားသူတွေဟာ ဖုန်းတစ်လုံး ကျန်ခဲ့ပါတယ်။

ထွက်ပြေးလွတ်မြောက်သွားသူတွေကို အဖွဲ့ခွဲစောင့်ဆိုင်း ဖမ်းဆီးတာမှာ ငပုတော ဒေါ်ပွေးတုတ်ရွာနေ ကျားကျား၊ မောင်မောင်၊ တောကြီးကျေးရွာနေ ဇောသိန်းလေးတို့ကို သက်သေခံပစ္စည်းတွေနဲ့ သိမ်းဆည်းရမိပါတယ်။

ဆင်က အသက် ၃၀ လောက် ရှိပြီး အရပ် ၇ ပေ ရှိပါတယ်။ ခေါင်းမှာ သေနတ်ကျည်ပေါက် တစ်ပေါက် ရှိနေပါတယ်။ တရားခံတွေကို အရေးယူဖို့ ကျုံကူးရဲစခန်းမှာ ဖမ်းဆီးထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)