အမျိုးသား ပြန်လည်သင်ြ့မတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် အနှောင့်အယှက်များ အရေး သတိပေး

0
296

အမျိုးသား ပြန်လည်သင်ြ့မတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက် ရှိလာချိန်မှာ အဖျက်အမှောင့်နဲ့ သွေးထိုးလှုံ့ဆော်မှုတွေ ဖြစ်လာနိုင်တဲ့အတွက် ဂရုပြုကြဖို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ် ရေးထိုးတော့မှာဖြစ်လို့ အခုလို သတိပေးချက်ကို ထုတ်ပြန်တာ ဖြစ်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အပြန်အလှန် နားလည်မှု၊ ယုံကြည်မှု တည်ဆောက်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံအတွက် ကြိုးပမ်းနေပြီး အနိမ့်၊ အမြင့်၊ အတက်၊ အကျ များစွာနဲ့ တစ်နှစ်တာ ကာလကို ဖြတ်ကျော်ခဲ့ရပါတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)