NCA လက်မှတ်ရေးထိုးမယ့် အဖွဲ့ ငါးဖွဲ့ကို ကြိုဆိုတယ်လို့ ကြံ့ခိုင်ရေးပါတီ ထုတ်ပြန်

0
312

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးမယ့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင် ငါးဖွဲ့ကို ဝမ်းမြောက်စွာ ကြိုဆိုတယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) က သတင်းထုတ်ပြန်လိုက်ပါတယ်။

အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ တည်ဆောက်ဖို့ အရေးကြီးချိန်မှာ NCA ထို့ဖို့ ဆောင်ရွက်တာဟာ အကျိုးကျေးဇူး ကြီးမားစေပါတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

NCA လက်မှတ်ရေးထိုးဖို့ သဘောတူလိုက်တဲ့ အဖွဲ့တွေကတော့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) နဲ့ ‘ဝ’ အမျိုးသား အဖွဲ့ချုပ် (WNO) တို့ ဖြစ်ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)