လူ့အခွင့်အရေး ချိုးဖောက်မှု အထောက်အထား ခိုင်လုံရင် အရေးယူမယ်

0
285

ရခိုင်ပြည်နယ်မှာ အကြမ်းဖက်သမားတွေကို လုံခြုံရေး အဖွဲ့ဝင်တွေက အင်အားအလွန်အကျွံ သုံးခဲ့ခြင်း မရှိကြောင်းနဲ့ လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်မှာ အထောက်အထားခိုင်လုံရင် အရေးယူမယ်လို့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေး ဦးသောင်းထွန်းက ပြောဆိုလိုက်ပါတယ်။

မတ်လ ၃၀ ရက်နေ့က နေပြည်မှာ ပြုလုပ်တဲ့ အကျပ်အတည်း၊ ပဋိပက္ခအခြေအနေများတွင် မီဒီယာနှင့် ဆက်ဆံရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ ဦးသောင်းထွန်းက လူ့အခွင့်အရေး ချိုးဖောက်မှုဆိုတာ အစိုးရအဖွဲ့ရဲ့ မူဝါဒ မဟုတ်ဘူးလို့လည်း ပြောသွားပါတယ်။

ရခိုင်ပြည်နယ်က လူမျိုးရေး ပဋိပက္ခကြောင့် မြန်မာနိုင်ငံမျာ လုံခြုံမှုနဲ့ တည်ငြိမ်မှုဆိုင်ရာ စိန်ခေါ်မှုက ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေကြားမှာ ပျံ့နှံ့နေကြောင်း၊ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို အကောင်အထည်ဖော်စဉ် ရှုပ်ထွေးမှုတွေလည်း ရှိနေကြောင်း အဲဒီ ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေး အာရှ-ပစိဖိတ်စင်တာက ဗိုလ်ချုပ် ဂျိမ်းစ် ဟက်ဆဲလ်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)