တောင်ဒဂုံမှာ ဆရာတော် ဦးဝီရသူရဲ့ တရားပွဲကို ရပ်ကွက်နေ ပြည်သူ ၃၀၀ နီးပါး ကန့်ကွက်

0
637

တောင်ဒဂုံမြို့နယ် ၅၃ ရပ်ကွက်မှာ ဒီကနေ့ မတ်လ ၃၁ ရက်နေ့ညမှာ ကျင်းပမယ့် ဆရာတော် ဦးဝီရသူရဲ့ တရားပွဲကို ရပ်ကွက်နေ ပြည်သူ ၃၀၀ နီးပါးက လက်မှတ်ထိုးပြီး ကန့်ကွက်ခဲ့ကြပါတယ်။

ကန့်ကွက်တဲ့ လက်မှတ်တွေကို မတ်လ ၂၈ ရက်နေ့ကတည်းက ကောက်ခံခဲ့တာလည်းဖြစ်ပါတယ်။ ကန့်ကွက်စာတွကို ရပ်ကွက်ရုံးနဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ရုံးတွေကိုလည်း တင်ထားပြီး သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန နဲ့ နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့(မဟန)ဆီကိုလည်း ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ဆရာတော် ဦးဝီရသူကို တစ်နှစ်တိတိ တရားဟောခွင့် ပိတ်ထားတာဖြစ်ပါတယ်။ ဒါပေမဲ့ ဆရာတော် ဦးဝီရသူကတော့ တရားပွဲတွေကို အသံသွင်းထားတဲ့ ခွေဖွင့်ပြီး လိုက်လံ ဟောပြောနေတာလည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)