သမ္မတသစ် ဦးထင်ကျော်ရဲ့ အမိန့်နဲ့ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို အသစ်ထပ်မံဖွဲ့စည်း

0
278

နိုင်ငံတော်သမ္မတသစ် ဖြစ်လာတဲ့ ဦးထင်ကျော်ရဲ့ အမိန့်နဲ့ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို အသစ်ထပ်မံဖွဲ့စည်းလိုက်ပြီဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၀၁၊ ပြည်ထောင်စု အစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၀ ပုဒ်မခွဲ(က)တို့အရ ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။ ကောင်စီမှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ ဒုတိယသမ္မတတွေဖြစ်တဲ့ ဦးမြင့်ဆွေ၊ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌမန်းဝင်းခိုင်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မျူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်မှူးကြီးစိုးဝင်း၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်တို့နဲ့ ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။ ဒီကောင်စီဟာ နိုင်ငံရဲ့ အရေးကိစ္စရပ်တွေကို ဆုံးဖြတ်ကြမှာဖြစ်ပြီး နေရာ(၁၁) နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက နေရာ(၅)နေရာ ရရှိထားတာဖြစ်ပါတယ်။

MCN နေ့စဉ် ရုပ်သံသတင်းအစီအစဉ် ၂၀၁၆ခုနှစ်၊ မတ်လ (၃၀) ရက် ဗုဒ္ဓဟူးနေ့

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)