
0
2306




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘူးသီးတောင် မောင်တော်ဒေသမှာ လက်နက်တပ်ဆင်ပေးထားတဲ့ ပြည်သူ့စစ်ဌာနေအဖွဲ့ ၃ ဖွဲ့ အပါဝင် ၃၄ ဖွဲ့ရှိ

ဘူးသီးတောင် မောင်တော်ဒေသမှာ လက်နက်တပ်ဆင်ပေးထားတဲ့ ပြည်သူ့စစ်ဌာနေအဖွဲ့ ၃ ဖွဲ့ အပါဝင် ၃၄ ဖွဲ့ရှိတာကြောင့် ထပ်မံဖွဲ့စည်းပေးမှာ မဟုတ်ဘူးလို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြား လိုက်ပါတယ်။

ဇန်နဝါရီလ ၃၀ ရက်နေ့က အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ရခိုင်ပြည်နယ် မဲဆန္ဒနယ်မြေ အမှတ် (၈) ရဲ့ ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းရဲ့ မေးခွန်းကို ဖြေကြားစဉ် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားလိုက်တာပါ။

အဲဒီလိုပြောကြားရာမှာတော့ ပြည်သူ့စစ် ဌာနေ ၃၄ ဖွဲ့နဲ့အတူ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့က ပူးပေါင်းပြီး နယ်စပ်ဒေသလုံခြုံရေးကို ဆောင်ရွက်နေတယ်လို့လည်း ပြောကြားခဲ့တာပါ။ လက်ရှိအခြေအနေမှာတော့ မြန်မာတစ်နိုင်ငံလုံးမှာ ပြည်သူ့ စစ်ဌာနေအဖွဲ့ ၅၉၆ ဖွဲ့အထိ ရှိနေတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)