၂၀၁၈ ခုႏွစ္အတြင္း ေစာင့္ၾကည့္ရမယ့္ ထိပ္တန္း အက်ပ္အတည္း ႏိုင္ငံေတြထဲ ျမန္မာလည္း ပါ

0
2191

၂၀၁၈ ခုႏွစ္အတြင္းမွာ ေစာင့္ၾကည့္ရမယ့္ ထိပ္တန္း အက်ပ္အတည္း ႏိုင္ငံေတြက အာဖဂန္နစၥတန္၊ ျမန္မာနဲ႔ ယီမင္ႏိုင္ငံတို႔ ျဖစ္တယ္လို႔ ႏိုင္ငံတကာ ၾကက္ေျခနီ အဖြဲ႔ (IRC) က ကြ်မ္းက်င္သူေတြက သတိေပးထားပါတယ္။

၂၀၁၈ ခုႏွစ္မွာ အခက္အခဲနဲ႔ အႏၱရာယ္ ရွိေနတဲ့ ထိပ္တန္း ၁၀ ႏိုင္ငံစာရင္းကို IRC ရဲ႕ အေရးေပၚ တံု႔ျပန္ေရး အဖြဲ႔က ထုတ္ျပန္ထားပါတယ္။ အဲဒီ ႏိုင္ငံေတြကေတာ့ အာဖဂန္နစၥတန္၊ ဗဟိုအာဖရိက၊ ကြန္ဂိုဒီမိုကရက္တစ္ သမၼတႏိုင္ငံ၊ အီရတ္၊ ျမန္မာ၊ ေတာင္ဆူဒန္၊ ႏိုက္ဂ်ီးရီးယား၊ ဆီးရီးယား၊ ယီမင္နဲ႔ ဗင္နီဇြဲလားတို႔ ျဖစ္ပါတယ္။

လူသားခ်င္း စာနာေထာက္ထားမႈ အကူအညီ လိုအပ္သူ အေရအတြက္ဟာ ၂၀၁၈ မွာ ၁၃၅ သန္းရွိၿပီး အစိုးရေတြအေနနဲ႔ ကူညီဖို႔ IRC က ေျပာထားပါတယ္။
ဆီးရီးယား၊ အာဖဂန္နစၥတန္၊ ကြန္ဂိုတို႔မွာ ပဋိပကၡေတြ ဆက္လက္ျဖစ္ပြားေနၿပီး ေတာင္ဆူဒန္မွာေတာ့ အငတ္ေဘး ဆိုက္ေနပါတယ္။

ယီမင္မွာ ဝမ္းပ်က္ဝမ္းေလ်ာေရာဂါ ျဖစ္ပြားသူ ၁ သန္းအထိ ရွိေနပါတယ္။ ျမန္မာႏိုင္ငံကိုေတာ့ ဘဂၤါလီ မြတ္စလင္ေတြရွိတဲ့ ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းေတြ မုတ္သုန္ရာသီမွာ မုန္းတိုင္းဒဏ္ခံရႏိုင္တဲ့အတြက္ ထည့္ထားတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

၂၀၁၈ ခုနှစ်အတွင်း စောင့်ကြည့်ရမယ့် ထိပ်တန်း အကျပ်အတည်း နိုင်ငံတွေထဲ မြန်မာလည်း ပါ

၂၀၁၈ ခုနှစ်အတွင်းမှာ စောင့်ကြည့်ရမယ့် ထိပ်တန်း အကျပ်အတည်း နိုင်ငံတွေက အာဖဂန်နစ္စတန်၊ မြန်မာနဲ့ ယီမင်နိုင်ငံတို့ ဖြစ်တယ်လို့ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ (IRC) က ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

၂၀၁၈ ခုနှစ်မှာ အခက်အခဲနဲ့ အန္တရာယ် ရှိနေတဲ့ ထိပ်တန်း ၁၀ နိုင်ငံစာရင်းကို IRC ရဲ့ အရေးပေါ် တုံ့ပြန်ရေး အဖွဲ့က ထုတ်ပြန်ထားပါတယ်။ အဲဒီ နိုင်ငံတွေကတော့ အာဖဂန်နစ္စတန်၊ ဗဟိုအာဖရိက၊ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ အီရတ်၊ မြန်မာ၊ တောင်ဆူဒန်၊ နိုက်ဂျီးရီးယား၊ ဆီးရီးယား၊ ယီမင်နဲ့ ဗင်နီဇွဲလားတို့ ဖြစ်ပါတယ်။ လူသားချင်း စာနာထောက်ထားမှု အကူအညီ လိုအပ်သူ အရေအတွက်ဟာ ၂၀၁၈ မှာ ၁၃၅ သန်းရှိပြီး အစိုးရတွေအနေနဲ့ ကူညီဖို့ IRC က ပြောထားပါတယ်။

ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ ကွန်ဂိုတို့မှာ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေပြီး တောင်ဆူဒန်မှာတော့ အငတ်ဘေး ဆိုက်နေပါတယ်။ ယီမင်မှာ ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားသူ ၁ သန်းအထိ ရှိနေပါတယ်။

မြန်မာနိုင်ငံကိုတော့ ဘင်္ဂါလီ မွတ်စလင်တွေရှိတဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေ မုတ်သုန်ရာသီမှာ မုန်းတိုင်းဒဏ်ခံရနိုင်တဲ့အတွက် ထည့်ထားတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)