ေဒါက္တာ ေအးေမာင္ နဲ႔ ေဝဟင္ေအာင္တို႔ ႐ံုးခ်ိန္း ေရႊ႕ဆိုင္း

0
2124

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕မွာ ေဟာေျပာခဲ့တဲ့ ေျပာၾကားခ်က္ေတြနဲ႔ ပတ္သက္လို႔ ပုဒ္မ ၃ ခုနဲ႔ တရားစြဲဆိုခံေနရတဲ့ ေဒါက္တာ ေအးေမာင္တို႔ ႏွစ္ဦးကို ႐ံုးခ်ိန္းကို ေရႊ႕ဆိုင္းလိုက္ပါတယ္။

စာေရးဆရာ ေဝဟင္ေအာင္နဲ႔ ေဒါက္တာ ေအးေမာင္တို႔ကို ဇန္နဝါရီလ ၂၉ ရက္ေန႔က ရေသ့ေတာင္ၿမိဳ႕နယ္ တရား႐ံုးမွာ ပထမအႀကိမ္ ႐ံုးထုတ္ ရမန္ယူခဲ့ၿပီးေတာ့ ဒီကေန႔ ဇန္နဝါရီ ၃၁ ရက္ေန႔ စစ္ေတြခ႐ိုင္တရား႐ံုးမွာ စြဲဆိုထားတဲ့အမႈနဲ႔ ပတ္သက္လို႔ ႐ံုးမထုတ္ဘဲ ႐ံုးခ်ိန္းကို ေဖေဖာ္ဝါရီလ ၉ ရက္ေန႔သို႔ ေရႊ႕ဆိုင္းလိုက္ပါတယ္။

ဖမ္းဆီးခံထားရသူ ႏွစ္ဦးထဲက ေဒါက္တာ ေအးေမာင္ကို ရေသ့ေတာင္ၿမိဳ႕နယ္ တရား႐ံုးမွာ ပုဒ္ ၁၇ (၁)၊ စစ္ေတြၿမိဳ႕နယ္ တရား႐ံုးမွာ ပုဒ္မ ၅၀၅၊ စစ္ေတြခ႐ိုင္တရား႐ံုးမွာ ပုဒ္မ ၁၂၂ တို႔နဲ႔ အမႈဖြင့္အေရးယူထားတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒေါက်တာ အေးမောင် နဲ့ ဝေဟင်အောင်တို့ ရုံးချိန်း ရွှေ့ဆိုင်း

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့မှာ ဟောပြောခဲ့တဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်လို့ ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုခံနေရတဲ့ ဒေါက်တာ အေးမောင်တို့ နှစ်ဦးကို ရုံးချိန်းကို ရွှေ့ဆိုင်းလိုက်ပါတယ်။

စာရေးဆရာ ဝေဟင်အောင်နဲ့ ဒေါက်တာ အေးမောင်တို့ကို ဇန်နဝါရီလ ၂၉ ရက်နေ့က ရသေ့တောင်မြို့နယ် တရားရုံးမှာ ပထမအကြိမ် ရုံးထုတ် ရမန်ယူခဲ့ပြီးတော့ ဒီကနေ့ ဇန်နဝါရီ ၃၁ ရက်နေ့ စစ်တွေခရိုင်တရားရုံးမှာ စွဲဆိုထားတဲ့အမှုနဲ့ ပတ်သက်လို့ ရုံးမထုတ်ဘဲ ရုံးချိန်းကို ဖေဖော်ဝါရီလ ၉ ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်ပါတယ်။

ဖမ်းဆီးခံထားရသူ နှစ်ဦးထဲက ဒေါက်တာ အေးမောင်ကို ရသေ့တောင်မြို့နယ် တရားရုံးမှာ ပုဒ် ၁၇ (၁)၊ စစ်တွေမြို့နယ် တရားရုံးမှာ ပုဒ်မ ၅၀၅၊ စစ်တွေခရိုင်တရားရုံးမှာ ပုဒ်မ ၁၂၂ တို့နဲ့ အမှုဖွင့်အရေးယူထားတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)