လာအို ေရႊႀတိဂံနယ္ေျမက ကာစီႏိုကို အေမရိကန္ အမည္ပ်က္စာရင္း သြင္း

0
2056

လာအိုႏိုင္ငံ၊ ေရႊႀတိဂံနယ္ေျမရွိ ကင္းစ္ ႐ိုမန္စ္ ကာစီႏိုဟာ လူကုန္ကူးမႈ၊ မူးယစ္ေဆးနဲ႔ တိရစာၦန္ ေရာင္းဝယ္မႈေတြရဲ႕ အခ်က္အျခာျဖစ္ေနတယ္ ဆိုၿပီး အေမရိကန္ ဘ႑ာေရး ဝန္ႀကီးဌာနက ရာဇဝတ္မႈအရ ပိတ္ဆို႔အေရးယူတဲ့ အမည္ပ်က္စာရင္း သြင္းလိုက္ပါတယ္။

ကာစီႏိုပိုင္ရွင္ တ႐ုတ္လူမ်ိဳး ေဇာင္ေဝဟာ ႏိုင္ငံျဖတ္ေက်ာ္ ရာဇဝတ္မႈက်ဴးလြန္တဲ့ အဖြဲ႔ရဲ႕ ေခါင္းေဆာင္ျဖစ္တယ္လို႔ အေမရိကန္ ဘ႑ေရးဝန္ႀကီးက သတင္းထုတ္ျပန္ပါတယ္။ အဲဒီ ကာစီႏိုဟာ ျမန္မာ၊ ထိုင္း၊ လာအိုတို႔ဆံုရာ မဲေခါင္ျမစ္အနီး အထူးစီးပြားေရး ဇုန္မွာ တည္ရွိပါတယ္။

ေဇာင္ေဝရဲ႕ ရာဇဝတ္ကြန္ရက္ဟာ ကေလးသူငယ္ေတြကို ျပည့္ဆန္ဆာ ခိုင္းေစတာ၊ ေတာ႐ိုင္းတိရစာၦန္ ေရာင္းဝယ္တာေတြ အပါအဝင္ ဥပေဒမဲ့ လုပ္ရပ္ေတြ လုပ္ေဆာင္ေနေၾကာင္း၊ ႏိုင္ငံျဖတ္ေက်ာ္ ရာဇဝတ္မႈေတြမွာ အဓိက အေရးပါသူေတြကို အေရွ႕ေတာင္အာရွ တလႊား ပစ္မွတ္ထား လုပ္ေဆာင္သြားမွာ ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

သက္တမ္း ၉ ႏွစ္ရွိတဲ့ ကင္းစ္ ႐ိုမန္စ္ ကာစီႏိုဟာ ဝ လက္နက္ကိုင္တပ္ဖြဲ႔ UWSA ရဲ႕ မူးယစ္ေဆးဝါးေတြ သိုေလွာင္ျဖန္႔ျဖဴးၿပီး ေငြမည္းေတြကို ေငြျဖဴျဖစ္ေအာင္ ခဝါခ်ေနတယ္လို႔လည္း အေမရိကန္ ဘ႑ာေရး ဝန္ႀကီးဌာနက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လာအို ရွှေတြိဂံနယ်မြေက ကာစီနိုကို အမေရိကန် အမည်ပျက်စာရင်း သွင်း

လာအိုနိုင်ငံ၊ ရွှေတြိဂံနယ်မြေရှိ ကင်းစ် ရိုမန်စ် ကာစီနိုဟာ လူကုန်ကူးမှု၊ မူးယစ်ဆေးနဲ့ တိရစ္ဆာန် ရောင်းဝယ်မှုတွေရဲ့ အချက်အခြာဖြစ်နေတယ် ဆိုပြီး အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ရာဇဝတ်မှုအရ ပိတ်ဆို့အရေးယူတဲ့ အမည်ပျက်စာရင်း သွင်းလိုက်ပါတယ်။

ကာစီနိုပိုင်ရှင် တရုတ်လူမျိုး ဇောင်ဝေဟာ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုကျူးလွန်တဲ့ အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်တယ်လို့ အမေရိကန် ဘဏ္ဍရေးဝန်ကြီးက သတင်းထုတ်ပြန်ပါတယ်။ အဲဒီ ကာစီနိုဟာ မြန်မာ၊ ထိုင်း၊ လာအိုတို့ဆုံရာ မဲခေါင်မြစ်အနီး အထူးစီးပွားရေး ဇုန်မှာ တည်ရှိပါတယ်။

ဇောင်ဝေရဲ့ ရာဇဝတ်ကွန်ရက်ဟာ ကလေးသူငယ်တွေကို ပြည့်ဆန်ဆာ ခိုင်းစေတာ၊ တောရိုင်းတိရစ္ဆာန် ရောင်းဝယ်တာတွေ အပါအဝင် ဥပဒေမဲ့ လုပ်ရပ်တွေ လုပ်ဆောင်နေကြောင်း၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေမှာ အဓိက အရေးပါသူတွေကို အရှေ့တောင်အာရှ တလွှား ပစ်မှတ်ထား လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သက်တမ်း ၉ နှစ်ရှိတဲ့ ကင်းစ် ရိုမန်စ် ကာစီနိုဟာ ဝ လက်နက်ကိုင်တပ်ဖွဲ့ UWSA ရဲ့ မူးယစ်ဆေးဝါးတွေ သိုလှောင်ဖြန့်ဖြူးပြီး ငွေမည်းတွေကို ငွေဖြူဖြစ်အောင် ခဝါချနေတယ်လို့လည်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)