
0
2049




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တက္ကစီယာဉ် မှန်တွေမှာ ကွယ်နေတဲ့ အရာအားလုံး ဖြုတ်သိမ်းရမယ်

ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနေတဲ့ အငှားယာဉ် တက္ကစီ ကားမှန်တွေမှာ အကာအကွယ်ဖြစ်နေတဲ့ အရာအားလုံးကို အမြန်ဆုံး ဖယ်ရှားထားကြဖို့ ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီက သတိပေး နှိုးဆော်ထားပါတယ်။

တက္ကစီ ကားမှန်တွေမှာ စတေကာကပ်တာ၊ လေစုပ်ခွက်ကပ်တာ၊ ကြော်ငြာတွေ တပ်ဆင်တာ၊ လိုက်ကာတွေ ကာရံတာတွေကို အကာအကွယ်ယူပြီး မှုခင်းကျဆင်းရေးနဲ့ ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကို လျစ်လျူရှုကာ ဒုစရိုက်မှု ကျူးလွန်တာတွေ ရှိတဲ့အတွက် အမြန်ဖယ်ရှား ဖြုတ်သိမ်းဖို့ သတိပေးထားပါတယ်။

မနက်ဖြန် ဖေဖော်ဝါရီ ၁ ရက်နေ့က စပြီး မလိုက်နာတဲ့ တက္ကစီတွေကို လုပ်ငန်းလိုင်စင် ဖျက်သိမ်းတဲ့အထိ ထိရောက်စွာ အရေးယူမယ်လို့ ကြေညာထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)