၉ လအတြင္း ဆန္တင္ပို႔မႈ အေမရိကန္ေဒၚလာ ၈၄၄ သန္း ရရွိ

0
2088

၂၀၁၇-၂၀၁၈ ဘ႑ာေရးႏွစ္ ဇန္နဝါရီ ၁၂ ရက္ေန႔အထိ ၉ လတာအတြင္း ျပည္ပဆန္တင္ပို႔မႈကေန အေမရိကန္ ေဒၚလာ ၈၄၄ သန္း ရရွိတယ္လို႔ ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္ရဲ႕ အခ်က္အလက္ေတြက ေဖာ္ျပပါတယ္။

ဆန္နဲ႔ ဆန္ကြဲ တန္ ၂ ဒသမ ၇၂ သန္း တင္ပို႔ခဲ့တာ ျဖစ္ၿပီး ဆန္ကို ႏိုင္ငံ ၅၀၊ ဆန္ကြဲကို ႏိုင္ငံ ၃၃ ႏိုင္ငံဆီ အသီးသီး တင္ပို႔တာ ျဖစ္ပါတယ္။ ဆန္ေရာင္းခ်မႈကေန အေမရိကန္ေဒၚလာ ၇၁၅ သန္း၊ ဆန္ကြဲေရာင္းခ်မႈကေန အေမရိကန္ေဒၚလာ ၁၂၅ ဒသမ ၀၇၉ တန္ အသီးသီး ရရွိခဲ့တာ ျဖစ္ပါတယ္။

ျပည္ပတင္ပို႔မႈမွာ ကုန္းလမ္းကေန ပို႔ေဆာင္မႈက ၅၃ ရာခိုင္ႏႈန္းျဖစ္ၿပီး ေရေၾကာင္းကေန တင္ပို႔မႈ ၄၇ ရာခိုင္ႏႈန္း ျဖစ္ပါတယ္။ အမ်ားဆံုး တင္ပို႔ရတဲ့ ႏိုင္ငံေတြကေတာ့ တ႐ုတ္၊ ဘဂၤလားေဒ့ရွ္နဲ႔ အိုင္ဗရီကို႔စ္ ႏိုင္ငံေတြ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

၉ လအတွင်း ဆန်တင်ပို့မှု အမေရိကန်ဒေါ်လာ ၈၄၄ သန်း ရရှိ

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ဇန်နဝါရီ ၁၂ ရက်နေ့အထိ ၉ လတာအတွင်း ပြည်ပဆန်တင်ပို့မှုကနေ အမေရိကန် ဒေါ်လာ ၈၄၄ သန်း ရရှိတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။

ဆန်နဲ့ ဆန်ကွဲ တန် ၂ ဒသမ ၇၂ သန်း တင်ပို့ခဲ့တာ ဖြစ်ပြီး ဆန်ကို နိုင်ငံ ၅၀၊ ဆန်ကွဲကို နိုင်ငံ ၃၃ နိုင်ငံဆီ အသီးသီး တင်ပို့တာ ဖြစ်ပါတယ်။ ဆန်ရောင်းချမှုကနေ အမေရိကန်ဒေါ်လာ ၇၁၅ သန်း၊ ဆန်ကွဲရောင်းချမှုကနေ အမေရိကန်ဒေါ်လာ ၁၂၅ ဒသမ ဝ၇၉ တန် အသီးသီး ရရှိခဲ့တာ ဖြစ်ပါတယ်။

ပြည်ပတင်ပို့မှုမှာ ကုန်းလမ်းကနေ ပို့ဆောင်မှုက ၅၃ ရာခိုင်နှုန်းဖြစ်ပြီး ရေကြောင်းကနေ တင်ပို့မှု ၄၇ ရာခိုင်နှုန်း ဖြစ်ပါတယ်။ အများဆုံး တင်ပို့ရတဲ့ နိုင်ငံတွေကတော့ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိုင်ဗရီကို့စ် နိုင်ငံတွေ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)