
0
2039



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပြည်နယ်မှာ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ အစည်းအဝေး ကျင်းပ

ရခိုင်ပြည်နယ်မှာ “ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ” ကို ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ ချမ်းသာက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူပြီး ဖွဲ့စည်းတာဝန်ပေးလိုက်ပြီး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မနေ့က ဇန်နဝါရီ ၃၀ ရက် စစ်တွေမှာ ကျင်းပပါတယ်။

ဇူလိုင်လ ၂၇ ရက်နေ့က ပြည်နယ်အဆင့် ဌာနဆိုင်ရာ အဖွဲ့ဝင် ၂၀ ပါဝင်တဲ့ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီကို ဖွဲ့စည်းလိုက်ပြီး ရခိုင်ပြည်နယ်အတွင်း ကလေးသူငယ်များ ရှင်သန့်ခွင့် အခွင့်အရေး၊ ဖွံ့ဖြိုးတိုးတက်ခွင့် အခွင့်အရေး၊ ကာကွယ်စောင့်ရှောက်ခွင့် အခွင့်အရေး၊ ပါဝင်ဆောင်ရွက်ခွင့် အခွင့်အရေးတွေ အကောင်အထည် ဖော်နိုင်ဖို့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)