
0
2171




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လျှပ်စစ်ဓာတ်အား ၁၃၄၂ မဂ္ဂါဝပ် ထုတ်လုပ်ဖို့ လိုအပ်နေ

မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား သုံးစွဲမှု နှစ်စဉ် ၁၅ ရာခိုင်နှုန်း တိုးနေပြီး လက်ရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ၃၁၈၉ မဂ္ဂါဝပ်ရှိကာ လျှပ်စစ်ဓာတ်အား ၁၃၄၂ မဂ္ဂါဝပ် ထုတ်လုပ်ဖို့ လိုအပ်နေပါတယ်။

အခုလက်ရှိ ဓာတ်အားသုံးစွဲမှု ပမာဏ အမြင့်ဆုံးက ၃၁၈၉ မဂ္ဂါဝပ်ရှိပြီး ဒီလိုအပ်ချက်ကို ရေအားလျှပ်စစ်စက်ရုံ ၁၇ ရုံနဲ့ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ၁၅ ရုံတို့ကနေ ထုတ်ပေးနေတယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်က ပြောပါတယ်။

၂၀၂၁ ခုနှစ်မှာ ၄၅၃၁ မဂ္ဂါဝပ်အထိ သုံးစွဲမယ်လို့ ခန့်မှန်းထားတဲ့အတွက် ၁၃၄၂ မဂ္ဂါဝပ် ထုတ်လုပ်ဖို့ လိုအပ်နေပြီး လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်နိုင်ရေး စီစဉ်ဆောင်ရွက်နေတယ်လို့ ဝန်ကြီး ဦးဝင်းခိုင်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)