ေျမာက္ဦးၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးဘိုဘိုမင္းသိုက္ လုပ္ႀကံခံရမႈ စစ္ေဆးမႈေတြ ေဆာင္ရြက္ေန

0
2137

ရခိုင္ျပည္နယ္႐ံုးကို လက္ေထာက္ညႊန္ၾကားေရးမွဴးရာထူးနဲ႔ ေျပာင္းေရႊ႕ဖို႔ စာထြက္ထားတဲ့ ေျမာက္ဦးၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးဘိုဘိုမင္းသိုက္ လုပ္ႀကံသတ္ျဖတ္ခံရတာနဲ႔ ပတ္သက္လို႔ ျဖစ္စဥ္ေတြကို သိရွိလိုေၾကာင္း သတင္းေထာက္ေတြက ဒီကေန႔ ဇန္နဝါရီ ၃၁ ရက္ မနက္ပိုင္းမွာ ခ႐ိုင္ျပည္နယ္ ရဲတပ္ဖြဲ႔မွဴးဆီကို ဆက္သြယ္ ေမးျမန္းခဲ့ၾကပါတယ္။

စစ္ေဆးမႈေတြ ေဆာင္ရြက္ေနေၾကာင္း၊ အခင္းျဖစ္ပြားရာေနရာကို သြားေရာက္စစ္ေဆးဖို႔ ျပင္ဆင္ေနေၾကာင္း ရဲမွဴးႀကီး ေအာင္ျမတ္မိုးက ျပန္လည္ေျဖၾကားခဲ့ပါတယ္။

မေန႔က ဇန္နဝါရီ ၃၀ ရက္ေန႔ ပုဏၰားကြ်န္းၿမိဳ႕မွာ ဦးဘိုဘိုမင္းသိုက္ လိုက္ပါလာတဲ့ ကားတိမ္းေမွာက္တဲ့အတြက္ ပုဏၰားကြ်န္း ရဲတပ္ဖြဲ႔က သြားေရာက္စစ္ေဆးရာမွာ ဦးဘိုဘိုမင္းသိုက္ ရင္ဘတ္မွာ ထိုးသြင္းဒဏ္ရာ သံုးခ်က္ ရရရွိတဲ့အတြက္ လုပ္ႀကံခံရတယ္လို႔ ယူဆၾကပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဘိုဘိုမင်းသိုက် လုပ်ကြံခံရမှု စစ်ဆေးမှုတွေ ဆောင်ရွက်နေ

ရခိုင်ပြည်နယ်ရုံးကို လက်ထောက်ညွှန်ကြားရေးမှူး ရာထူးနဲ့ ပြောင်းရွှေ့ဖို့ စာထွက်ထားတဲ့ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဘိုဘိုမင်းသိုက် လုပ်ကြံသတ်ဖြတ်ခံရတာနဲ့ ပတ်သက်လို့ ဖြစ်စဉ်တွေကို သိရှိလိုကြောင်း သတင်းထောက်တွေက ဒီကနေ့ ဇန်နဝါရီ ၃၁ ရက် မနက်ပိုင်းမှာ ခရိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးဆီကို ဆက်သွယ် မေးမြန်းခဲ့ကြပါတယ်။

စစ်ဆေးမှုတွေ ဆောင်ရွက်နေကြောင်း၊ အခင်းဖြစ်ပွားရာနေရာကို သွားရောက်စစ်ဆေးဖို့ ပြင်ဆင်နေကြောင်း ရဲမှူးကြီး အောင်မြတ်မိုးက ပြန်လည်ဖြေကြားခဲ့ပါတယ်။

မနေ့က ဇန်နဝါရီ ၃၀ ရက်နေ့ ပုဏ္ဏားကျွန်းမြို့မှာ ဦးဘိုဘိုမင်းသိုက် လိုက်ပါလာတဲ့ ကားတိမ်းမှောက်တဲ့အတွက် ပုဏ္ဏားကျွန်း ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာမှာ ဦးဘိုဘိုမင်းသိုက် ရင်ဘတ်မှာ ထိုးသွင်းဒဏ်ရာ သုံးချက် ရရရှိတဲ့အတွက် လုပ်ကြံခံရတယ်လို့ ယူဆကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)