
0
2076


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကျောင်းဆိုရင် စာသင်ကျောင်းထက် အသက်မွေးဝမ်းကျောင်းကို အလွန်သဘောကျတယ်၊ အမြဲတမ်းလည်း အားပေးတယ်လို့ NLD ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး ဦးဥာဏ်ဝင်းက ပြောပါတယ်။


>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စု အသက်မွေးဝမ်းကျောင်းသိပ္ပံ စတင်ဖွင့်လှစ်

မျိုးဆက်သစ် လူငယ်တွေကို အသက်မွေးဝမ်းကျောင်း ပညာရပ်တွေ သင်ကြားပေးနိုင်ဖို့ စု အသက်မွေးဝမ်းကျောင်း သိပ္ပံကို ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ (၇) ရပ်ကွက်မှာ မနေ့က ဇန်နဝါရီ ၃၀ မှာ စတင်ဖွင့်လှစ်လိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကျောင်းဆိုရင် စာသင်ကျောင်းထက် အသက်မွေးဝမ်းကျောင်းကို အလွန်သဘောကျတယ်၊ အမြဲတမ်းလည်း အားပေးတယ်လို့ NLD ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောပါတယ်။

အဲဒီ ကျောင်းမှာ အခြေခံ အင်္ဂလိပ်စာ၊ အခြေခံဂျပန်စာ၊ အခြေခံ ကွန်ပျူတာ စတဲ့ဘာသာရပ်တွေကို စတင်သင်ကြားမှာ ဖြစ်ပြီး နောက်ပိုင်းမှာ အပ်ချုပ်သင်တန်း၊ မုန့်ဖုတ်သင်တန်း၊ ဖုန်းပြင်သင်တန်းတွေကိုလည်း တိုးချဲ့ ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ အသက် ၁၇ နှစ်ပြည့်ပြီးတဲ့ ဘယ်သူမဆို တက်ရောက်နိုင်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)