ေက်ာင္းထုတ္တာကို ပယ္ဖ်က္ေပးဖို႔ အေျခခံပညာ ပညာေရးလုပ္သားသမဂၢမ်ား ျဖစ္ေျမာက္ေရး ေကာ္မတီ ေတာင္းဆို

0
1985

ဆႏၵျပမႈေၾကာင့္ ေက်ာင္းသား၊ ေက်ာင္းသူေတြ ေက်ာင္းထုတ္ထားတာကို ပယ္ဖ်က္ေပးၿပီး စားပြဲဝိုင္းမွာ ေတြ႔ဆံုေဆြးေႏြးၿပီး အေျဖရွာဖို႔ အေျခခံပညာ ပညာေရးလုပ္သားသမဂၢမ်ား ျဖစ္ေျမာက္ေရး ဗဟိုလုပ္ငန္းေကာ္မတီက ေတာင္းဆိုလိုက္ပါတယ္။

မၾကမ္းမဖက္ဘဲ ေတာင္းဆိုတဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြကို သင္တန္းက ရပ္စဲျခင္းဟာ လက္ရွိအၾကပ္အတည္းကို ပိုဆိုးေစႏိုင္ေၾကာင္း ဒီေန႔ ဇန္နဝါရီ ၃၀ ရက္ေန႔ ေန႔စြဲနဲ႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ရမည္းသင္း နည္းပညာတကၠသိုလ္၊ ရတနာပံု တကၠသိုလ္၊ စစ္ကိုင္း ပညာေရးတကၠသိုလ္၊ မိုးညွင္း ဒီကရီေကာလိပ္၊ မိတၳီလာ စီးပြားေရးတကၠသိုလ္၊ မိတၳီလာ နည္းပညာတကၠသိုလ္၊ မိတၳီလာ တကၠသိုလ္တို႔က ေက်ာင္းသား၊ ေက်ာင္းသူ စုစုေပါင္း ၄၈ ဦး ေက်ာင္းထုတ္ခံထားရတာနဲ႔ ပတ္သက္ၿပီး ျပင္းျပင္းထန္ထန္ ကန္႔ကြက္႐ႈတ္ခ်တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကျောင်းထုတ်တာကို ပယ်ဖျက်ပေးဖို့ အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ ဖြစ်မြောက်ရေး ကော်မတီ တောင်းဆို

ဆန္ဒပြမှုကြောင့် ကျောင်းသား၊ ကျောင်းသူတွေ ကျောင်းထုတ်ထားတာကို ပယ်ဖျက်ပေးပြီး စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာဖို့ အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ ဖြစ်မြောက်ရေး ဗဟိုလုပ်ငန်းကော်မတီက တောင်းဆိုလိုက်ပါတယ်။

မကြမ်းမဖက်ဘဲ တောင်းဆိုတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို သင်တန်းက ရပ်စဲခြင်းဟာ လက်ရှိအကြပ်အတည်းကို ပိုဆိုးစေနိုင်ကြောင်း ဒီနေ့ ဇန်နဝါရီ ၃၀ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရမည်းသင်း နည်းပညာတက္ကသိုလ်၊ ရတနာပုံ တက္ကသိုလ်၊ စစ်ကိုင်း ပညာရေးတက္ကသိုလ်၊ မိုးညှင်း ဒီကရီကောလိပ်၊ မိတ္ထီလာ စီးပွားရေးတက္ကသိုလ်၊ မိတ္ထီလာ နည်းပညာတက္ကသိုလ်၊ မိတ္ထီလာ တက္ကသိုလ်တို့က ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၄၈ ဦး ကျောင်းထုတ်ခံထားရတာနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)