
0
1992




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယူးကာဆယ် လွတ်လပ်ခွင့်ဆု ပြန်ရုတ်သိမ်းဖို့ စီစဉ်နေ

ဗြိတိန်နိုင်ငံ၊ နယူးကာဆယ် ကောင်စီက ဘင်္ဂါလီ မွတ်စလင်အရေးနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ထားတဲ့ လွတ်လပ်ခွင့်ဆုအား ပြန်ရုပ်သိမ်းရေး ဆွေးနွေးမှာ ဖြစ်ပါတယ်။

နယူးကာဆယ် ကောင်စီက လွတ်လပ်ခွင့် ဂုဏ်ပြုဆုကို ၂၀၁၁ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပေးခဲ့တာ ဖြစ်ပါတယ်။ အရင်က ပေးပြီးသားဆုကို ပြန်ရုပ်သိမ်းတာမျိုး မရှိခဲ့ပေမယ့် အခု ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ ဆုကို ရုပ်သိမ်းသင့်၊ မသိမ်းသင့် လာမယ့် သီတင်းပတ်အတွင်း ကောင်စီမှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

နယူးကာဆယ် ကောင်စီ ခေါင်းဆောင် နစ် ဖော့ဘ်စ်က အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ထားတဲ့ ဆုရုပ်သိမ်းရေး အဆိုပြုချက် တင်ဖို့ ပြင်ဆင်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)