
0
1984




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရွှေနန်းတော် ကျောင်းတော်ကြီး ပြုပြင်ထိန်းသိမ်းမှု အမေရိကန် သံအမတ်ကြီး လေ့လာ

မန္တလေးမြို့ရှိ ရွှေနန်းတော် ကျောင်းတော်ကြီး ပြုပြင်ထိန်းသိမ်းနေမှုတွေကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး စကောက် မာစီရယ်လ် သွားရောက်လေ့လာကြည့်ရှုခဲ့ပါတယ်။

သမိုင်းဝင် ကျောင်းတော်ကြီး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်ဖို့ ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေး သံအမတ်ကြီးများ ရန်ပုံငွေ အစီအစဉ်ကနေ အမေရိကန်ဒေါ်လာ ၃ သိန်း ပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းဖို့ ၂၀၁၄ ခုနှစ်ကစပြီး ကူညီထောက်ပံ့ခဲ့တာ ဒေါ်လာ ၈ သိန်းနီးပါး ရှိပြီလို့ အမေရိကန် သံရုံးက ထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)