NLD နဲ႔ NIGS ဒု ဥကၠ႒တို႔ တ႐ုတ္-ျမန္မာ ပညာရွင္မ်ားအဖြဲ႕ ဖြဲ႕ေရး ေဆြးေႏြး

0
2030

အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ (NLD) ဗဟိုစီးပြားေရး ေကာ္မတီနဲ႔ လူမႈသိပၸံ တ႐ုတ္အကယ္ဒမီ (CASS) ရွိ ကမာၻ႔ မဟာဗ်ဴဟာ အမ်ိဳးသား အင္စတီက်ဳ (NIGS) ဒု ဥကၠ႒တို႔ မေန႔က ဇန္နဝါရီ ၃၀ ရက္ေန႔ NLD ႐ံုးခ်ဳပ္မွာ ေတြ႔ဆံုေဆြးေႏြးၾကပါတယ္။

ဗဟိုစီးပြားေရး ေကာ္မတီက အတြင္းေရးမွဴး ဦးမင္းခင္၊ အဖြဲ႔ဝင္ ဦးစံသိန္းနဲ႔ အဖြဲ႔ဝင္ ဦးရဲမင္းဦးတို႔နဲ႔ NIGS က မစၥတာ ဝမ္ လင္ဂူအီတို႔က တ႐ုတ္-ျမန္မာ ပညာရွင္မ်ားအဖြဲ႔ေတြကို ဘာသာရပ္အလိုက္ ပူးေပါင္းဖြဲ႔စည္းႏိုင္ေရး အဆိုျပဳ ေဆြးေႏြးၾကပါတယ္။

ဒါ့အျပင္ NIGS က တ႐ုတ္နဲ႔ ျမန္မာႏိုင္ငံတို႔က ဘာသာရပ္အလိုက္ ပညာရွင္ေတြကို ခ်ိတ္ဆက္ေပးၿပီး ႏွစ္ႏိုင္ငံ အက်ိဳးရွိေစမယ့္ သုေတသန လုပ္ငန္းေတြ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ဖို႔လည္း ေဆြးေႏြးခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

NLD နဲ့ NIGS ဒု ဥက္ကဋ္ဌတို့ တရုတ်-မြန်မာ ပညာရှင်များအဖွဲ့ ဖွဲ့ရေး ဆွေးနွေး

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုစီးပွားရေး ကော်မတီနဲ့ လူမှုသိပ္ပံ တရုတ်အကယ်ဒမီ (CASS) ရှိ ကမ္ဘာ့ မဟာဗျူဟာ အမျိုးသား အင်စတီကျု (NIGS) ဒု ဥက္ကဋ္ဌတို့ မနေ့က ဇန်နဝါရီ ၃၀ ရက်နေ့ NLD ရုံးချုပ်မှာ တွေ့ဆုံဆွေးနွေးကြပါတယ်။

ဗဟိုစီးပွားရေး ကော်မတီက အတွင်းရေးမှူး ဦးမင်းခင်၊ အဖွဲ့ဝင် ဦးစံသိန်းနဲ့ အဖွဲ့ဝင် ဦးရဲမင်းဦးတို့နဲ့ NIGS က မစ္စတာ ဝမ် လင်ဂူအီတို့က တရုတ်-မြန်မာ ပညာရှင်များအဖွဲ့တွေကို ဘာသာရပ်အလိုက် ပူးပေါင်းဖွဲ့စည်းနိုင်ရေး အဆိုပြု ဆွေးနွေးကြပါတယ်။

ဒါ့အပြင် NIGS က တရုတ်နဲ့ မြန်မာနိုင်ငံတို့က ဘာသာရပ်အလိုက် ပညာရှင်တွေကို ချိတ်ဆက်ပေးပြီး နှစ်နိုင်ငံ အကျိုးရှိစေမယ့် သုတေသန လုပ်ငန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်ဖို့လည်း ဆွေးနွေးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)