Uber နဲ့ အူရီဒူးတို့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး

0
1744


အူရီဒူးမြန်မာက Uber လက်တွဲဖော် ယာဉ်မောင်းတွေ အနေနဲ့ မိုဘိုင်းဖုန်း အသုံးပြုခြင်းကြောင့် ကုန်ကျနေတဲ့ စရိတ်တွေကို လျှော့ချနိုင်ဖို့ အထူး ပက်ကေ့ခ်ျအစီအစဉ်ကို မိတ်ဆက်ထားပါတယ်။ အဲဒီ ပက်ကေ့ခ်ျမှာ အပိုဆုတွေအဖြစ် Uber လက်တွဲဖော် ယာဉ်မောင်းတွေ အနေနဲ့ Uber အပလီကေးရှင်းကို အခမဲ့အသုံးပြုနိုင်မှာ ဖြစ်ပြီး ဒေတာအသုံးပြုတာ၊ စာတိုပေးပို့တာနဲ့ ဖုန်းခေါ်ဆိုတဲ့ ဝန်ဆောင်မှုတွေကို အထူးဈေးနှုန်းတွေနဲ့ ရယူအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။


>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

Uber နဲ့ အူရီးဒူးတို့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး

ရန်ကုန်မြို့အတွင်း အများပြည်သူ လွယ်ကူစွာ ခရီးသွားလာနိုင်မှုနဲ့ ဆက်သွယ်နိုင်မှုတို့အတွက် ရေရှည် မဟာဗျူဟာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပထမခြေလှမ်းအဖြစ် Uber နဲ့ ဆက်သွယ်ရေး အော်ပရေတာ အူရီဒူးမြန်မာ လီမိတက် (OML) တို့ နားလည်မှု စာချွန်လွှာတစ်ရပ် ရေးထိုးလိုက်ပါတယ်။

အူရီဒူးမြန်မာက Uber လက်တွဲဖော် ယာဉ်မောင်းတွေ အနေနဲ့ မိုဘိုင်းဖုန်း အသုံးပြုခြင်းကြောင့် ကုန်ကျနေတဲ့ စရိတ်တွေကို လျှော့ချနိုင်ဖို့ အထူး ပက်ကေ့ချ်အစီအစဉ်ကို မိတ်ဆက်ထားပါတယ်။ အဲဒီ ပက်ကေ့ချ်မှာ အပိုဆုတွေအဖြစ် Uber လက်တွဲဖော် ယာဉ်မောင်းတွေ အနေနဲ့ Uber အပလီကေးရှင်းကို အခမဲ့အသုံးပြုနိုင်မှာ ဖြစ်ပြီး ဒေတာအသုံးပြုတာ၊ စာတိုပေးပို့တာနဲ့ ဖုန်းခေါ်ဆိုတဲ့ ဝန်ဆောင်မှုတွေကို အထူးဈေးနှုန်းတွေနဲ့ ရယူအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

“မြန်မာနိုင်ငံဈေးကွက်ကို စတင်ဝင်ရောက်စဉ်က ကျွန်မတို့အနေနဲ့ ရန်ကုန် အစိုးရအဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့ပါတယ်။ အခုလို ဈေးကွက် ကျယ်ပြန့်လာတဲ့ အချိန်မှာလည်း အူရီဒူးမြန်မာနဲ့ ပူးပေါင်း ဆောင်ရွက်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ ရန်ကုန်မြို့အတွင်း ခရီးသွားလာမ ှုပုံစံနဲ့ အချင်းချင်း ဆက်သွယ်တဲ့ ပုံစံတွေကို အတူလက်တွဲ ပြောင်းလဲသွားဖို့ ရည်ရွယ်ထားပါတယ်” လို့ Uber ရဲ့ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံဆိုင်ရာ အထွေထွေမန်နေဂျာ ချယ်ရတီ ဆတ်ဖော့ဒ် က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)