ေျမာက္ဦးၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးဘုိဘုိမင္းသိုက္ လုပ္ႀကံခံရ

0
1963

ရခိုင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးဘိုဘိုမင္းသိုက္ ကားေမွာက္ရာမွာ ေသဆံုးခဲ့ေပမယ့္ ရင္ဘတ္မွာ ထိုးသြင္းဒဏ္ရာေတြ ေတြ႔ရွိရတဲ့အတြက္ လုပ္ႀကံခံရျခင္း ျဖစ္တယ္လို႔ ယူဆၿပီး ရဲက စံုစမ္းစစ္ေဆးေနပါတယ္။

ဦးဘိုဘိုမင္းသိုက္ဟာ ရခိုင္ျပည္နယ္႐ံုးကို လက္ေထာက္ညႊန္ၾကားေရးမွဴး ရာထူးနဲ႔ ေျပာင္းေရႊ႕ဖို႔ ဇန္နဝါရီလ ၁၉ ရက္ေန႔ ေန႔စြဲနဲ႔ စာထြက္ထားသူ ျဖစ္ပါတယ္။ မေန႔က ဇန္နဝါရီ ၃၀ ရက္ေန႔က ေျမာက္ဦးကို သြားေရာက္ စစ္ေဆးခံၿပီး အျပန္ ပုဏၰားကြ်န္းၿမိဳ႕နယ္၊ ယိုးတ႐ုတ္နဲ႔ ယိုးငူေက်းရြာၾကားမွာ ဦးဘိုဘိုမင္းသိုက္ လိုက္ပါလာတဲ့ကား လမ္းေဘးကို ထိုးဆင္း တိမ္းေမွာက္ခဲ့ပါတယ္။

ဒါေပမယ့္ ပုဏၰားကြ်န္းရဲတပ္ဖြဲ႔က သြားေရာက္ စစ္ေဆးရာမွာ ရင္ဘတ္မွာ ထိုးသြင္းဒဏ္ရာ သံုးခ်က္ကို ေတြ႔ရွိလို႔ စံုစမ္းစစ္ေဆးေနတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဘိုဘိုမင်းသိုက် လုပ်ကြံခံရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဘိုဘိုမင်းသိုက် ကားမှောက်ရာမှာ သေဆုံးခဲ့ပေမယ့် ရင်ဘတ်မှာ ထိုးသွင်းဒဏ်ရာတွေ တွေ့ရှိရတဲ့အတွက် လုပ်ကြံခံရခြင်း ဖြစ်တယ်လို့ ယူဆပြီး ရဲက စုံစမ်းစစ်ဆေးနေပါတယ်။

ဦးဘိုဘိုမင်းသိုက်ဟာ ရခိုင်ပြည်နယ်ရုံးကို လက်ထောက်ညွှန်ကြားရေးမှူး ရာထူးနဲ့ ပြောင်းရွှေ့ဖို့ ဇန်နဝါရီလ ၁၉ ရက်နေ့ နေ့စွဲနဲ့ စာထွက်ထားသူ ဖြစ်ပါတယ်။ မနေ့က ဇန်နဝါရီ ၃၀ ရက်နေ့က မြောက်ဦးကို သွားရောက် စစ်ဆေးခံပြီး အပြန် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်နဲ့ ယိုးငူကျေးရွာကြားမှာ ဦးဘိုဘိုမင်းသိုက် လိုက်ပါလာတဲ့ကား လမ်းဘေးကို ထိုးဆင်း တိမ်းမှောက်ခဲ့ပါတယ်။

ဒါပေမယ့် ပုဏ္ဏားကျွန်းရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးရာမှာ ရင်ဘတ်မှာ ထိုးသွင်းဒဏ်ရာ သုံးချက်ကို တွေ့ရှိလို့ စုံစမ်းစစ်ဆေးနေတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)