မြန်မာ့ဆိုင်းဝိုင်းနဲ့ အနောက်တိုင်း ဂျက်ဇ်ဂီတ ပူးပေါင်းဖျော်ဖြေပွဲ ပြင်သစ်ယဉ်ကျေးမှုဌာနမှာ ကျင်းပမယ်

0
287

Myanmar Meets Europe လို့ အမည်ပေးထားတဲ့ မြန်မာ့ဆိုင်းဝိုင်းနဲ့ အနောက်တိုင်း ဂျက်ဇ်ဂီတတို့ ပူးပေါင်းတင်ဆက်တဲ့ ဂီတဖျော်ဖြေပွဲကို လာမယ့် ဖေဖော်ဝါရီလ ၃ ရက်နေ့ကျရင် ရန်ကုန်မြို့က ပြင်သစ်ယဉ်ကျေးမှုဌာနမှာ ကျင်းပသွားဖို့ ရှိနေပါတယ်။

အဲဒီ ဂီတပွဲမှာ ဂျာမနီ တူရိယာပညာရှင် Time Isfort ၊ ဂျာမနီ ဆက်ဆိုဖုန်းပညာရှင် Jan Klare ၊ ဂျာမနီ စန္ဒရား ပညာရှင် Laia Genc ၊ နယ်သာလန် ဒရမ်ပညာရှင် Michael Gordon Vatcher နဲ့ အီတလီ ဂစ်တာပညာရှင် Francesco Diodati တို့က မြန်မာ့ ဆိုင်းဝိုင်းပညာရှင် ဟိန်းတင့်အဖွဲ့နဲ့ ပူးပေါင်းပြီး ဂီတပေါင်းစပ် ဖွဲ့စည်း ဖျော်ဖြေမှုတွေ ပြုလုပ်သွားမှာပါ ဖြစ်ပါတယ်။

ဟိန်းတင့် ဆိုင်းဝိုင်းအဖွဲ့မှာ ပါဝင်သူတွေကတော့ ဟိန်းတင့် (ပတ်ဝိုင်း)၊ ကြည်မြင့် (ခြောက်လုံးပတ်)၊ ရဲမင်းသူ (စည်း ဝါးနှင့် လင်ကွင်း)၊ ကျော်စိုး (မောင်းဆိုင်း၊ ဂေါင်း)နဲ့ ထွန်းဦး (နှဲ၊ အိုးဘို)တို့ဖြစ်ကြပြီး အဲဒီ Myanmar Meets Europe ပွဲမှာ မြန်မာနိုင်ငံကျော်အဆိုတော် နန်းဝင်းလည်း ပါဝင်သီဆိုပေးသွားမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)