ထိုင်း ပင်လယ်စာကုမ္ပဏီက မြန်မာရွှေ့ပြောင်း ၂၀၀၀ ကျော် လုပ်ခလစာ တိုးပေးဖို့ တောင်းဆို

0
318

ထိုင်းနိုင်ငံက အဓိက ပင်လယ်စာပို့ကုန်တွေ ထုတ်လုပ်နေတဲ့ ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်လုပ်နေတဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သား ၂၀၀၀ ကျော်ဟာ လုပ်ခလစာ တိုးမြှင့်ပေးဖို့နဲ့ လုပ်ငန်းခွင်အခြေအနေ ပိုကောင်းအောင် ဆောင်ရွက်ပေးဖို့ ဇန်နဝါရီ ၃၀ ရက်နေ့မှာ တောင်းဆိုခဲ့ကြပါတယ်။

Sea Value Group လုပ်ငန်းစုပိုင် စက်ရုံတွေမှာ ဝင်ရောက်အလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၂၄၃ ဦးရဲ့ တောင်းဆိုချက်ကို အလုပ်သမားခေါင်းဆောင်တွေက လူမှုဖူလုံရေး ခံစားခွင့်တွေ ရရှိဖို့နဲ့ လုပ်ငန်းခွင် အခြေအနေ ပြောင်းလဲတိုးတက်ဖို့ တောင်းဆိုခဲ့ကြတာလို့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက်(MWRN)က ထုတ်ပြန်ခဲ့တာပါ။

ရွှေ့ပြောင်းလုပ်သားတွေအရေး လိုက်လံဆောင်ရွက်နေသူ အန်ဒီဟောကတော့ “အဓိက တောင်းဆိုတာက ဆုကြေးတိုးပေးဖို့၊ ညအချိန်ပိုကြေး တိုးပေးဖို့နဲ့ စွမ်းရည်အလိုက် အပိုဆုကြေး တိုးပေးဖို့” ကိစ္စတွေ ဖြစ်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပင်လယ်စာ တတိယအများဆုံး တင်ပို့နေတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါပေမဲ့ ပင်လယ်စာ လုပ်ငန်းခွင်တွေမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သားတွေအပေါ် အလုပ်သမားအခွင့်အရေး ချိုးဖောက်တာတွေ၊ ငါးဖမ်းသင်္ဘောနဲ့ စားသောက်ကုန်ထုတ်တဲ့ စက်ရုံတွေမှာ ဈေးပေါပေါနဲ့ ခိုင်းစေတာတွေရှိနေတယ်လို့ စွပ်စွဲခံနေရတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)