မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားနိုင်ငံ သံအမတ် ခန့်အပ်ခဲ့တဲ့ကိစ္စမှာ နောက်ကွယ်က အကြံပေးမှု ရှိ

0
359

မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားနိုင်ငံ သံအမတ် ယိုးကျဲခွန်းက သူ့ကို အစိုးရက သံအမတ်အဖြစ် ခန့်အပ်ခဲ့တဲ့ ကိစ္စမှာ တောင်ကိုရီးယားသမ္မတ ပါ့ခ်ဂွန်ဟေးကို နောက်ကွယ်က အကြံပေးနေတဲ့ ချွဲဆွန်ဆီ ပါဝင်မှုရှိတယ်လို့ ဒီကနေ့ ဇန်နဝါရီ ၃၁ ရက်နေ့မှာ ဝန်ခံလိုက်ပါတယ်။

တောင်ကိုရီးယားသမ္မတ ပါ့ခ်ဂွန်ဟေး အဂတိလိုက်စားမှုတွေကြောင့် သမ္မတအဖြစ်ကနေ ဖယ်ရှားဖို့ လွှတ်တော်က မဲခွဲဆုံးဖြတ်ပြီးနောက်မှာ မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားသံအမတ်ကို စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံရေးကိစ္စတွေမှာ ပါ့ခ်ကို ချွဲဆွန်ဆီလို့ အမည်ရတဲ့ နောက်ကွယ်က အမျိုးသမီးတစ်ယောက်က စေခိုင်းစေမှုတွေ လုပ်ခဲ့တာကြောင့် ချွဲဆွန်ဆီလည်း အဖမ်းခံရပြီးနောက်မှာ ပါ့ခ်ကိုလည်း သမ္မတအဖြစ်ကနေ ရပ်ဆိုင်း လိုက်တာဖြစ်ပါတယ်။

သံအမတ် ယိုးကျဲခွန်းဟာ သံတမန်ရေးရာနယ်ပယ်မှာ အတွေ့အကြုံမရှိတဲ့ Samsung Electro-Mechanics ကုမ္ပဏီက အဆင့်မြင့် အမှုဆောင်အရာရှိဟောင်းတစ်ဦးသာဖြစ်ပေမဲ့ ၂၀၁၆ ခုနှစ် မေလမှာ မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားသံအမတ်အဖြစ် ခန့်အပ်ခံခဲ့ရတာ ဖြစ်ပြီး ယိုးကျဲခွန်းကို သံအမတ်အဖြစ် ခန့်အပ်တဲ့ ကိစ္စနောက်ကွယ်မှာ ချွဲဆွန်ဆီ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ချွဲဆွန်ဆီနဲ့ ယိုးကျဲခွန်းတို့ဟာ ၂၀၁၆ မတ်လမှာ နှစ်ဦးတွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ပြီးနောက်မှာတော့ ချွဲဆွန်ဆီဟာ ယိုးကို မြန်မာနိုင်ငံ သံအမတ်အဖြစ်ခန့်အပ်ပြီး မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေကနေတစ်ဆင့် အမြတ်ရအောင် လုပ်နိုင်တယ်လို့ ပါ့ခ်ဂွန်ဟေးကို တိုက်တွန်းပြောကြား ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေလည်း အရင်က ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ယိုးကျဲခွန်းဟာ အစောပိုင်းတုန်းမှာ ဒီသတင်းတွေကို ငြင်းဆိုခဲ့ပေမဲ့ ဒီကနေ့မှာ တောင်ကိုရီးယားကို ပြန်ရောက်ရှိပြီး အစိုးရရှေ့နေတွေ စစ်ဆေးမေးမြန်းရာ မှာတော့ အမှန်အတိုင်း ဝန်ခံခဲ့တာ ဖြစ်ပါတယ်။ ယိုးကျဲခွန်းဟာ အဂတိလိုက်စားမှုတွေနဲ့ပတ်သက်ပြီး စစ်ဆေးမေးမြန်းခံရတဲ့ ဒုတိယမြောက် သံအမတ်ဖြစ်ပြီး ပထမတစ်ဦးကတော့ ပြင်သစ်နိုင်ငံဆိုင်ရာ တောင်ကိုရီးယား သံအမတ် ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)