ကညွတ်ကွင်းမျာ လမ်းဖြတ်ကူးတဲ့ အမျိုးသမီးကို ဆီဘောက်ဆာကား ဝင်တိုက်မှုဖြစ်ပွား

0
334

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့မှာ ဇန်နဝါရီလ ၃၀ ရက်နေ့က လမ်းဖြတ်ကူးတဲ့ အမျိုးသမီးတစ်ဦးကို ဆီဘောက်ဆာယာဉ်တစ်စီးက ဝင်တိုက်ခဲ့မိတာပဲ။

ကညွတ်ကွင်း နယ်မြေရဲစခန်းမှာ ဒုရဲအုပ် စည်သူထက် တာဝန်မှူးအဖြစ် တာဝန်ယူဆောင်ရွက်နေစဉ် လမ်းဖြတ်ကူးတဲ့ အမျိုးသမီးတစ်ဦးကို ဆီဘောက်ဆာယာဉ် တိုက်မိခဲ့တယ်ဆိုတဲ့ သတင်းအရ သက်သေတွေနဲ့အတူ အခင်းဖြစ်တဲ့နေရာကို သွားရောက်စစ်ဆေးခဲ့ရာမှာ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင် ၁၃၁/၂ နှင့် ၁၃၁/၃ အကြားမှာ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အတိုက်ခံရတဲ့အမျိုးသမီးရဲ့ အမည်နဲ့လိပ်စာကို စုံစမ်းနေဆဲဖြစ်ပြီး အသက် ၄၀ ဝန်းကျင် အရွယ်ရှိပါတယ်။ အမျိုးသမီးဟာ ညာဘက် ချိုစောင်းပေါက်ပြဲ၊ မေးစေ့ပေါက်ပြဲ၊ ညာဘက်လက်ဖျံပေါက်ပြဲ ဒဏ်ရာတွေရရှိပြီး အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် ဆေးရုံမှာ ကုသမှု ခံယူနေရပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ယာဉ်ကို ပေါ့ပေါ့ဆဆမောင်းနှင်တဲ့ ယာဉ်မောင်း သိန်းလွင် (၅၀ နှစ်)ကို ဥပဒေအရ အရေးယူပေးဖို့ ဒုရဲအုပ် စည်သူထက်က တရားလိုလုပ် တိုင်တန်းခဲ့တာကြောင့် ကညွတ်ကွင်း နယ်မြေရဲစခန်းက ယာဉ် (ပ) ၂/၂၀၁၇ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၃၈ အရ အရေးယူဆောင်ရွက်ထားပါတယ်။

ဖြိုးကိုလင်း (ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)