ပင်လည်ဘူးမြို့နယ်က ကျောက်မီးသွေးစက်ရုံတစ်ခုကို တိုင်းအစိုးရအဖွဲ့ ယာယီ ရပ်နားခိုင်း

0
309

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ်က ကျောက်မီးသွေးစက်ရုံတစ်ခုမှာ သတ်မှတ်ထားတဲ့ မြေဧရိယာကျော်လွန်ပြီး ကျောက်မီးသွေး တူးဖော်နေ တာကြောင့် တိုင်းအစိုးရအဖွဲ့က ယာယီရပ်နားခိုင်းထားလို့ တိုင်းအစိုးရအဖွဲ့ဝင်ဖြစ်တဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးက MCN သတင်းဌာနရဲ့ ဆက်သွယ် မေးမြန်းစဉ်မှာ အခုလိုပြောဆိုခဲ့တာပါ။

အဲဒီကျောက်မီးသွေးကုမ္ပဏီရဲ့ နာမည်ကတော့ ထွန်းကြွယ်ပေါ ကုမ္ပဏီဖြစ်ပြီး ကုမ္ပဏီဘက်က တိုင်းအစိုးရရဲ့ သတ်မှတ်ထားတဲ့ မြေဧရိယာတွေ ကျော်လွန် တူးဖော်မှုတွေရှိနေတဲ့အပြင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေ၊ လုပ်ကွက်ကျူးကျော်မှုတွေ ရှိနေတယ်လို့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးက ပြောပါတယ်။

ပင်လယ်ဘူးမြို့နယ်က ကျောက်မီးသွေးတွင်းကို စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ခရီးစဉ်မှာစစ်ဆေး တွေ့ရှိချက်အရ ပြည်ထောင်စုဖက်က လုပ်ကွက် ကျူးကျော်မှုပြစ်ဒဏ် သိန်း(၁၀၀၀)ကျပ်နဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုအတွက် သိန်း(၁၀၀)ကျပ်တို့ကို ဒဏ်ကြေးငွေပေးသွင်းစေခိုင်းထားပြီး အဲဒီ ကျောက်မီးသွေးစက် ရုံကိုလည်း တိုင်းအစိုးရအဖွဲ့က ယာယီရပ်နားခိုင်းထားတာလည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)