မြစ်ဆုံမှာဆည်စီမံကိန်း ရပ်ဆိုင်းဖို့ ဒေသခံပြည်သူတွေ မြစ်ကြီးနားမှာ ဆန္ဒထုတ်ဖော်

0
345

မြစ်ဆုံဒေသက ဆည်ဆောက်လုပ်တဲ့ စီမံကိန်းတွေ ရပ်ဆိုင်းပေးဖို့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ Palm Spring ဟိုတယ်မှာ ဒီကနေ့ ဇန်နဝါရီ ၃၁ ရက်နေ့ကကချင် အရပ်ဖက်အဖွဲ့အစည်းနဲ့ မြစ်ဆုံ ဒေသခံပြည်သူတွေ ဆန္ဒထုတ်ဖော်ခဲ့ကြပေမဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေက လာရောက်တားမြစ်ခဲ့ကြပါတယ်။


(ဓာတ်ပုံ – KDNG)

အဲဒီဆန္ဒထုတ်ဖော်ပွဲဟာ မြစ်ဆုံမှာ ဆည်ဆာက်ဖို့ ကန့်ကွက်တာဖြစ်သလို ကချင် နိုင်ငံရေးပါတီများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ(KPCC)ကလည်း မြစ်ကြီးနားမြို့မှာ လုပ်နေတဲ့ နိုင်ငံတကာ ဘဏ္ဍာရေး ကော်မတီ(IFC)ရဲ့ အလုပ်ရုံဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး သဘောထားထုတ်ပြန်ချက်တစ်စောင် ဒီကနေ့မှာထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။


(ဓာတ်ပုံ – KDNG)

ကချင်ပြည်နယ်ဟာ စစ်ဘေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပဋိပက္ခတွေ ရင်ဆိုင်ကြုံတွေ့နေရပြီး အိုးအိမ်ပစ်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည် တစ်သိန်းနီးပါးရှိနေတဲ့ ဒေသဖြစ်တဲ့အတွက် အစိုးရနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ဦးစားပေးဆောင်ရွက်ရမယ့် အလုပ်ဟာ ပြည်တွင်း အိုးမဲ့အိမ်မဲ့ ပြည်သူတွေကို စားနပ်ရိက္ခာ ထောက်ပံ့ဖို့နဲ့ ပဋိပက္ခတွေ အဆုံးသတ်ရေး နိုင်ငံရေးရလဒ်တစ်ခု ထွက်ပေါ်လာအောင် ကူညီထောက်ပံ့ဖို့ပဲ ဖြစ်တယ်လို့ အဲဒီ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

ဒါကြောင့် ဒီမိုကရေစီကျကျ ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံအရ နိုင်ငံရေးသဘောတူညီချက်မရနိုင်သေးသရွေ့ ဒီလို အကြီးစားစီမံကိန်းတွေ ရပ်ဆိုင်းထားပြီး ငြိမ်းချမ်းရမှသာ စီမံကိန်းတွေ ဆက်လုပ်ကြဖို့ နိုင်ငံတကာ ဘဏ်တွေနဲ့ ကုမ္ပဏီတွေကို KPCC က ထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)