ယာခင်းထဲမှာ လောင်းကစား လုပ်နေသူတွေနဲ့အတူ ဆိုင်ကယ် ၁၀၂ စီး ဖမ်းဆီးရမိ

0
366

မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ မင်းဘူးခရိုင်နဲ့ ပွင့်ဖြူမြို့နယ် တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဇန်နဝါရီ ၂၉ ရက် နေ့လယ် ၂ နာရ်ီက ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးကျေးရွာနေ ဦးဝင်းဦးရဲ့ ယာခင်းထဲရှိ သစ်ပင်တွေအောက်မှာ လောင်းကစားမှုပြုလုပ်နေသူတွေကို ဖမ်းဆီးရမိလိုက်တာပါ။

အဲဒီလောင်းကစားပွဲကို ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီး ကျေးရွာနေ ကျော်လင်းခိုင် ဦးစီးပြုလုပ်တာဖြစ်ပြီး ဝင်ရောက်ဖမ်းဆီးမှုမှာ လောင်းကစားဒိုင်အဖြစ် ပြုလုပ်သူ ကျော်လင်းခိုင်မှာ ထွက်ပြေးလွတ်မြောက် သွားခဲ့ပါတယ်။

သူနဲ့အတူ လောင်းကစားဒိုင်ပြုလုပ်သူ ချောက်မြို့နယ် သံဘိုအုပ်စု ကန်ရေလေး ကျေးရွာနေ အောင်မိုးနဲ့ လောင်းကစားပြုလုပ်သူ ၁၉ ဦး ၊ လေးကောင်ဂျင် လောင်းကစား ပြုလုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်း ကိရိယာတွေ၊ လောင်းကြေး ငွေကျပ်ကျပ် ၂၀၅၀၀၀ ၊ Honda Odyssey ယာဉ် တစ်စီး၊ ဆိုင်ကယ် ၁၀၂ စီးနှင့် စက်ဘီးတစ်စီးတို့ကို သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)