City Center Game ဆိုင်ဝန်ထမ်းများ ဖမ်းဆီးခံရတဲ့ကိစ္စမှန် ပေါ်ပေါက်ရေး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

0
346

ပန်းဘဲတန်းမြို့နယ်ရှိ City Center Game ဆိုင်ဝန်ထမ်းများ မတရားဖမ်းဆီးခံရတဲ့ ကိစ္စ အမှန်တရားပေါ်ပေါက်ရေး ၀န်ထမ်းများရဲ့ မိဘများ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့တော်ဝင်နှင်းဆီပွဲမှာ ဇန်နဝါရီ (၃၁)ရက် ဒီကနေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ပန်းဘဲတန်းမြို့နယ်ရှိ CityCenter Game ဆိုင်ဝန်ထမ်း တချို့ကို ၂၀၁၇ ဇန်နဝါရီ(၁၁) ရက်နေ့က ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ရဲအင်အားသုံးပြီး ၀န်ထမ်းတွေနဲ့ လောင်းကစားလုပ်သူပေါင်း (၆၇) ဦးကို ဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။

အဲဒီထဲက ဝန်ထမ်း(၁၉)ဦးကို လောင်းကစားဥပဒေ ပုဒ်မ(၁၄)နဲ့ ပန်းဘဲတန်းမြို့မ ရဲစခန်းကတရားစွဲပြီး လောင်းကစားပြု လုပ်သူ(၄၈)ဦး ကိုလည်း လောင်းကစားဥပဒေပုဒ်မ(၁၄)က နဲ့တရားစွဲခံရပြီး၊ ဝန်ထမ်းတွေကိုတော့ ပန်းဘဲတန်းမြို့နယ် တရားရုံးက အာမခံမပေးဘဲ လောင်းကစားလုပ်ခဲ့တဲ့သူတွေ ကိုတော့ ပန်းဘဲတန်းတရားရုံးက အာမခံပေးလိုက်တဲ့အတွက် ဝန်ထမ်းမိသားစုဝင်တွေက မကျေနပ်လို့ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တာလည်းဖြစ်ပါတယ်။

အဲဒီဝန်ထမ်းတွေကို အင်းစိန်ထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားပြီး ဆယ်ကျော်သက်မိန်းကလေးတွေနဲ့ ဘွဲ့ရအမျိုးသမီးတွေပါဝင်သလို ကျောင်းသူ၊ ကျောင်းသားတွေလည်း ဖမ်းဆီးခံခဲ့ရတဲ့အထဲမှာပါဝင်တယ်လို့ ပွဲစီစဉ်သူတွေကပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)