၁၄ ကြိမ်မြောက် ကမ္ဘာ့ကုန်သည်ကြီးများ ညီလာခံ ရန်ကုန်မှာ လက်ခံ ကျင်းပမယ်

0
353

၁၄ ကြိမ်မြောက် ကမ္ဘာ့ ကုန်သည်ကြီးများ ညီလာခံကို အခုနှစ် စက်တင်ဘာလ ရန်ကုန်မြို့မှာ လက်ခံ ကျင်းပသွားမှာ ဖြစ်ပါတယ်။

အဲဒီညီလာခံကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ တရုတ်သံရုံးတို့ရဲ့ ညွှန်ကြားမှုနဲ့ ကျင်းပသွားမှာလို့ မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးမြင့်ရွှေက တရုတ်နှစ်သစ်ကူးအခမ်းအနားမှာ ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံက လက်ခံပြီး ကျင်းပမယ့် ၁၄ ကြိမ်မြောက် ကမ္ဘာ့ကုန်သည်ကြီးများ ညီလာခံကို ကမ္ဘာတစ်ဝန်းက ကုန်သည်ကြီးတွေအပါအဝင် လူပေါင်း ၃၀၀၀ ခန့် တက်ရောက်မယ်လို့ ခန့်မှန်းထားတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းကို ၁၉၀၉ ခုနှစ်က စတင် တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)