မောင်တောမြို့မှာ ဒေသခံနှစ်ဦး ထပ်မံ ပျောက်ဆုံးနေ

0
263

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ဒေသခံနှစ်ဦး ထပ်မံပျောက်ဆုံးနေတာကြောင့် မိသားစုက အမှုဖွင့် တိုင်ကြားထားပါတယ်။

ပျောက်ဆုံးနေသူနှစ်ဦးဟာ မောင်တောမြို့နယ် ရွက်ညိုတောင် ကျေးရွာက ရှော်ဖီရာမောက် (၂၅ နှစ်)နဲ့ ဆင်သေပြင်(အရှေ့)ကျေးရွာက အီဗြာဟိန်း (၅၅ နှစ်)တို့ ဖြစ်ကြပါတယ်။

ရှော်ဖီရာမောက်ဟာ ဇန်နဝါရီ ၂၇ ရက်နေ့ နံနက် ၁၀ နာရီမှာ နေအိမ်ကနေ ရွာထဲကို ထွက်သွားခဲ့ပြီးနောက်မှာ ပျောက်ဆုံးခဲ့တာ ဖြစ်ပြီး အီဗြာဟိန်းကတော့ ဇန်နဝါရီ ၂၂ ရက်နေ့မှာ ကျွဲသိမ်းဖို့ ထွက်သွားရာကနေ ခုထိ ပြန်လည် မရောက်ရှိသေးတာ ဖြစ်ပါတယ်။

ရှော်ဖီရာမောက်ရဲ့ ပျောက်ဆုံးမှုကို ဇနီးဖြစ်သူက ဇန်နဝါရီ ၂၇ ရက်နေ့မှာ ငါးခူရ နယ်မြေရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားပြီး အီဗြာဟိန်းရဲ့ ပျောက်ဆုံးမှု ကိုလည်း ဇနီးဖြစ်သူက ဇန်နဝါရီ ၂၉ ရက်နေ့မှာ ငါးခူရ နယ်မြေရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)