ကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ပါတီတွေရဲ့ ဟောပြောချက် ရုပ်သံကနေ စတင် ထုတ်လွှင့်

0
396

ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေရဲ့ ဟောပြောချက်တွေကို ဇန်နဝါရီ ၃၀ ရက်နေ့ကနေစပြီး နိုင်ငံပိုင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ရုပ်သံလိုင်းကနေ နေ့စဉ် ထုတ်လွှင့်ပေးနေပြီ ဖြစ်ပါတယ်။

နိုင်ငံရေးပါတီတွေရဲ့ ဟောပြောချက်တွေကို ည ၈ နာရီ သတင်းအစီအစဉ်အပြီးမှာ ထုတ်လွှင့်ပေးနေတာဖြစ်ပြီး ဖေဖော်ဝါရီ ၂၂ ရက်နေ့ အထိ တစ်ရက်ကို တစ်ပါတီစီ ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်နဲ့တိုင်းဒေသကြီး လွှတ်တော် အသီးသီးမှာ လစ်လပ်မဲဆန္ဒရယ် ၁၉ နေရာရှိပြီး နိုင်ငံရေးပါတီ ၂၄ ခုနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်ပေါင်း ၉၅ ယောက် ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)