မြန်မာ အလုပ်သမား အယောက် ၈၀ ကို ထိုင်း လ.ဝ.က နဲ့ ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

0
357

ထိုင်းနိုင်ငံ၊ နခွန်ပထုံခရိုင်၊ နခွန်ပထုံမြို့မှာ အလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား အယောက် ၈၀ ကို ထိုင်း လူဝင်မှုကြီးကြပ်ရေးနဲ့ ထိုင်းရဲတပ်ဖွဲ့က ဇန်နဝါရီ ၃၀ ရက်နေ့မှာ ဖမ်းဆီးခဲ့ပါတယ်။

ထိုင်းကိုရောက်နေတဲ့ ပန်းရောင်ကတ်နဲ့ နေထိုင်ခွင့်ရရှိထားတဲ့ မြန်မာနိုင်ငံသားတွေကို နိုင်ငံကူးလက်မှတ်လုပ်ပေးမယ်လို့ အကျိုးဆောင်ပွဲစားတွေက ပြောပြီး မြန်မာလုပ်သား ၈၀ ကို နယ်စပ်လမ်းကြောင်းကနေတစ်ဆင့် ပြည်တွင်း ထားဝယ်ကို ခေါ်ဆောင်လာတဲ့ လမ်းတစ်ဝက်မှာ ဖမ်းဆီးခံခဲ့ရတာပါ။

ဖမ်းဆီးခံရတဲ့ အလုပ်သမား ၈၀ ထဲမှာ ဖလန်းဆောင် မဟာချိုင်နဲ့ နေရာအစုံက မြန်မာအလုပ်သမားတွေ ပါဝင်ကြတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မြန်မာအလုပ်သမား ၈၀ ကို နခွန်ပထုံမြို့က ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)