ကာကွယ်ရေးဝန်ကြီးနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးတို့ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ် အရေး ဆွေးနွေး

0
285

ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူး Ms. Renata Lok-Dessallien တို့ဟာ ရခိုင်၊ ကချင်နဲ့ ရှမ်း ပြည်နယ်တွေ အရေး ဇန်နဝါရီ ၃၀ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

ကာကွယ်ရေးဝန်ကြီးနဲ့ ကုလသမဂ္ဂ ညှိနှိုင်းရေးမှူးတို့ဟာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ၊ စစ်ဘေးရှောင် ဒုက္ခသည်တွေနဲ့ ပတ်သက်တဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ကိစ္စရပ်တွေနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီဆွေးနွေးပွဲကို ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်နဲ့ တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ကြတာ
ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)