KIA လက်နက်ကိုင်အဖွဲ့က ခရီးသွားမော်တော်ယာဉ် တစ်စီးအား သေနတ်နဲ့ ပစ်ခတ်

0
386

မန္တလေးမှ နမ့်ခမ်းကို မောင်းနှင်လားတဲ့ ခရီးသွားယာဉ်တစ်စီးကို ဒီဇင်ဘာ ၂၉ ရက် နေ့ ညနေပိုင်းမှာ KIA လက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။ အဲဒီလိုပစ်ခတ်လိုက်တာကြောင့် ယာဉ်ပေါ်ပါ ပြည်သူတစ်ဦး သေနတ်ကျည် ထိမှန်ခဲ့တာပါ။

15801526_1042307082562972_933948457_n

မန္တလေးမှ နမ့်ခမ်းကို ဇော်မျိုး မောင်း လာတဲ့ DD/6585 မတ်တူးယာဉ်ဟာ ကွတ်ခိုင်မြို့နယ် ပန်တမော့ကျေးရွာအနီးမှာ KIA လက်နက်ကိုင်အဖွဲ့က တားဆီးတာကို ရပ်တန့်မတောကြောင့် သေနတ်နဲ့ ပစ်ခတ်လိုက်တာပါ။

အဲဒီလိုပစ်ခတ်မှုကြောင့် ယာဉ်နောက်ခန်းပေါ်ကို ကျည်ဖောက်ဝင်ပြီး ယာဉ်ပေါ်ပါ ခရီးသည် စိုင်းထွန်းစိန်ရဲ ယာခြေသလုံးကို ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့တဲ့အတွက်နမ့်ခမ်းမြို့မှာ ဆေးဝါး ကုသမှု ခံယူနေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)