အီလဲဗင်းမီဒီယာဂရုမှ CEO ​ဒေါက်​တာသန်းထွဋ်အောင်​နဲ့ အယ်​ဒီတာချုပ်​ အာမခံ လျှောက်ထားမှု ထပ်မံ ပယ်ချခံရ

0
268

ရန်​ကုန်​တိုင်း​ဒေသကြီးအစိုးရမှ ပုဒ်​မ (၆၆ဃ)ဖြင့်​ တရားစွဲဆိုထား​သော အီလဲဗင်းမီဒီယာ ဂရုမှ CEO ​ဒေါက်​တာသန်းထွဋ်အောင်​နဲ့ အယ်​ဒီတာချုပ်
ကို​ဝေဖြိုးတို့နှစ်​ဦးကို တာ​မွေတရားရုံးမှာ အမှုရင်​ဆိုင်ဖို့ ဒီဇင်​ဘာ ၃၀ ရက်​နံနက်​က ရုံးချိန်း ငါးကြိမ်​​မြောက်​​ရောက်​ရှိလာခဲ့တာပါ။

2

လက်ရှိမှာတော့ တာ​မွေမြို့နယ်​ တရားသူကြီးမှ အာမခံ​လျှောက်​ထားမှုကို ထပ်​မံပယ်​ချခဲ့ပါတယ်။ တရားလိုပြသက်​​သေ ရန်​ကုန်​တိုင်းအစိုးရကိုယ်​စားလှယ်​ လည်း ရုံးချိန်းသို့လာ​ရောက်​ခြင်းမရှိ​တဲ့အတွက် တရားရုံးမှ ဇန်နဝါရီလ ၆ ရက်နေ့ကိုပြန်လည် ချိန်းဆိုလိုက်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)