ဘီးပေါက်ရာမှ အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိုက်မှု ဖြစ်ပွား

0
362

ဒီဇင်ဘာ ၂၉ ရက် နံနက် ၂ နာရီက သာဂရ အမြန်လမ်းမကြီး ရဲစခန်းအပိုင် မိုင်တိုင်အမှတ် ၁၇၇ မိုင် ၅ ဖာလုံနှင့် ၆ ဖာလုံအကြားမှာ ယာဉ်တိုက်မှု တစ်ခုဖြစ်ပွားခဲ့ပါတယ်။

image-0-02-06-4624347e5d3006947c77b08b8d7a1c15251ba54c6cfdf5e2b2ddc4f2b8e97a62-v

အဲဒီယာဉ်တိုက်မှုဟာ နေပြည်တော်ဘက်မှ ရန်ုကုန်ဘက်ကို ယာဉ်မောင်း(နေရပ်လိပ်စာ စုံစမ်းစဲ) မောင်းနှင်လာတဲ့ ယာဉ်အမှတ် EE/3397 PROBOX ယာဉ်ဟာဝဲဘက်ရှေ့ ဘီးပေါက်ရာမှ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်ရှိ သစ်ပင်ဝင်တိုက်မိပြီး တစ်ဖက် ယာဉ်ကြော မြေသားလမ်းပေါ်သို့ ရောက်ရှိသွားခဲ့တာပါ။

အဲဒီယာဉ်တိုက်မှုကို သာဂရအမြန်လမ်းမကြီး ရဲစခန်းမှစခန်းမှူး ရဲအုပ်ကျော်ကျော်ပါ တပ်ဖွဲ့ဝင်များနဲ့အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ လ/ထ ဦးစီးမှူး ဗိုလ်ကဲပါ တပ်ဖွဲ့ဝင်တွေက အခင်းဖြစ်တဲ့နေရာကို သွားရောက်စစ်ဆေးခဲ့ရာ ယာဉ်မောင်း(အမည်နေရပ်လိပ်စာစုံစမ်းစဲ) ဖြစ်သူမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါတယ်။ ယာဉ်မတ်ာတဆမှုနဲ့ ပတ်သက်ပြီး ယာဉ်မတော်တဆဖြစ်အောင် မောင်းနှင်ပြီး ထွက်ပြေးတိမ်းရှောင်သွားတဲ့ ယာဉ်မောင်းဖြစ်သူကို ယာဉ်(ပ)၂၈/၂၀၁၆ ၊ ပြစ်မှုပုဒ်မ ၂၇၉/၂၀၂ အရအမှုဖွင့်ဆောင်ရွက်ထားပြီး ထွက်ပြေးတိမ်းရှောင် လျက်ရှိသည့် ယာဉ်မောင်းအား ဖမ်းဆီးရမိရေးစုံစမ်းလျက် ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)