အမြန်လမ်းမကြီး မိုင်တိုင် အမှတ် ၁၇၅ အနီးမှာ ယာဉ်မတော်တဆမှု ဖြစ်ပွား

0
267

ဒီဇင်ဘာ ၂၉ ရက် ညနေပိုင်းက သာဂရ အမြန်လမ်းမကြီးရဲစခန်းအပိုင် အမြန်လမ်းမကြီး မိုင်တိုင် အမှတ် ၁၇၅ မိုင်အနီးမှာ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပါတယ်။

image-0-02-06-9b46f8095fff1082f298fdaef4566f24bd8a21bde1b145f22a7646c4bea15c6a-v

အဲဒီယာဉ်တိုက်မှုတွေဟာ ညနေ ၅ နာရီ ကျော်မှာ မိုင်တိုင် အမှတ် ၁၇၅ အနီးမှာ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်ကို ယာဉ်မောင်းမင်းအောင် မောင်းနှင်လာတဲ့ လိုက်ထရပ်အဖြူရောင်ယာဉ်အမှတ် 8M/4008 ဟာအရှိန်မထိန်းနိုင်ဘဲ ရှေ့မှ ယာဉ်မောင်း ဂျေညီညီမောင်းနှင်လာတဲ့ TOYATA SUCCEED အဖြူရောင်ယာဉ်အား နောက်မှဝင်တိုက်မိခဲ့တာပါ။

ယာဉ်တိုက်မှုကြောင့် လိုက်ထရပ်ယာဉ်ပေါ်မှ လိုက်ပါလာသူ ကျား ၂ ဦး၊ မ ၁ ဦးအနက် ကျား ၁ ဦး၊ မ ၁ ဦးတို့မှာ ဦးခေါင်းပေါက်ပြဲ၊ နဖူးပေါက်ပြဲဒဏ်ရာရရှိခဲ့ပြီး ရေတာရှည်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)