ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ ယာဉ်တိုက်မှု တစ်ခု ဖြစ်ပွား

0
353

ဒီဇင်ဘာလ၂၉ ရက်နေ့ မနက်ပိုင်းက ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၃၀၈ မိုင်ကျော် မှာ ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။

image-0-02-06-9f20c456e6ea3c433f2bb896fa477e35fbbd6c285c415a785fd71e005346d2f6-v

အဲဒီယာဉ်ဟာ နေပြည်တော်မှ မန္တလေးဘက်ကို မောင်းနှင်စဉ်မှာ ရှေ့ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ တစ်ပတ်လည်တိမ်းမှောက်ပြီး လမ်းရဲ့မြေသားပေါ်မှာ စိုက်ထူထားတဲ့ မိုင်နှုန်းပြ မိုင်တိုင် အမှတ် ၃၀၈/၄ ကို ဝင်တိုက်မိခဲ့တာဖြစ်ပါတယ်။

တိမ်းမှောက်ခဲ့တဲ့ယာဉ်အမှတ် YGN /4369 MARK II ယာဉ်ကို ယာဉ်မောင်း မင်းကျော်ဇင်က မောင်းနှင်တာဖြစ်ပြီး ယာဉ်ပေါ်မှလိုက်ပါလာသူ နှစ်ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပါတယ်။ ယာဉ်မောင်း မင်းကျော်ဇင်ကို သီးကုန်း အမြန်လမ်းရဲစခန်းမှ ယာဉ်(ပ) ၆၁/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၃၇ အမှုဖွင့် အရေးယူထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)