ပြည်ထောင်စုနိုင်ငံဖြစ်ဖို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ပြဋ္ဌာန်းထားပြီး ဆောင်ရွက် နေကြောင်း ဦးဝင်းမြင့် ပြော

0
303

ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးတိုးတက်ပြီး ပညာရေး၊ ကျန်းမာရေးနဲ့ လူနေမှုအဆင့်အတန်းမြင့်တဲ့ နိုင်ငံတွေဟာ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ နိုင်ငံတွေဖြစ်ပြီး အဲဒီအ ချက်အလက်တွေ နိမ့်ကျနေတဲ့ နိုင်ငံတွေဟာ အာဏာ ရှင်နိုင်ငံဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားလိုက်ပါတယ်။

15780834_1068144886646710_8645160121170267168_n

ဒီဇင်ဘာလ ၂၉ ရက်နေ့က ကယားပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံစဉ်မှာ အခုလိုပြောကြားလိုက်တာပါ။ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ ပြည်ထောင်စုနိုင်ငံဖြစ်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ပြောပါတယ်။

ဒါ့အပြင် ဒီမိုကရေစီအခွင့်အရေးရမှ တရားဥပဒေစိုးမိုးရေးရရှိမှာဖြစ်ပြီး နိုင်ငံသူနိုင်ငံသားတွေရဲ့ ဘဝလုံခြုံမှုရှိမှာဖြစ်ပြီး၊ တိုင်းပြည်အေးချမ်းမှာကာ ပြည်တွင်းငြိမ်းချမ်းရေးလည်း ရရှိမှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)