၂၀၁၇ ခုနှစ်က အင်မတန်အရေးကြီးတဲ့နှစ် ဖြစ်တယ်လို့ ကမ္ဘောဇဘဏ် အကြီးတန်း အကြံပေး အရာရှိ ဦးသန်းလွင် ပြော

0
341

လွန်ခဲ့တဲ့ ငါးနှစ်ရဲ့စီးပွားရေးကို ပြန်ကြည့်ရင် တိုးတက်မှုနှုန်းကတစ်နှစ်ကို ၇ ဒသမ ၈ ရာခိုင်နှုန်း ရှိတယ်လို့ ကမ္ဘောဇဘဏ် အကြီးတန်းအကြံပေး အရာရှိ ဦးသန်းလွင်ကပြောပါတယ်။

15781163_1068641806597018_8202720359826270158_n

မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ လာမယ့် ၂၀၁၇ ခုနှစ်မှာ ဖြစ်ပေါ်လာမယ့် စီးပွားရေးအခြေအနေကို သုံးသပ်ပြော ကြားရာမှာ အခုလိုပြောကြားလိုက်တာပါ။ လာမယ့် ၂၀၁၇ ခုနှစ် ဧပြီလမှာ စတင်အသက်ဝင်မယ့် မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ဟာ အားနည်းချက်တွေကို ပြင်ထားပြီး ဆွဲဆောင်မှုတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။

ဒါ့အပြင်၂၀၁၇ ခုနှစ်က အင်မတန် အရေးကြီးတဲ့ နှစ်ဖြစ်ပြီး တိုင်းပြည်မှာ ပဋိပက္ခတွေလည်း ရှိနေသေးတာကြောင့် တစ်ဦးနဲ့တစ်ဦး ယုံကြည်မှု ပြန်လည်ဖြစ်ထွန်းအောင်လုပ်ဖို့ လိုအပ်ပြီး လက်ရှိမှာ နိုင်ငံတော်အတိုင်ပင်ခံကိုယ်တိုင် ဦးဆောင်နေတဲ့ ဒုတိယပင်လုံ ညီလာခံဟာလည်း အရေးကြီးတယ်လို့ ပြောကြားလိုက်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)